The network connection is lost.

Banner Image

ဒဏ်ရာကြောင့် ဘရာဇီးလူစာရင်းကနေ နုတ်ထွက်သွားတဲ့ ဂျာအိုပက်ဒရို

ချဲလ်ဆီးတိုက်စစ်မှူး ဂျာအိုပက်ဒရိုက ဒဏ်ရာပြဿနာကြောင့် သြစတြေးလျ၊ အိန္ဒိယတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေအတွက် ဘရာဇီး လက်ရွေးစင် လူစာရင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ပက်ဒရိုရဲ့ ဒဏ်ရာ အခြေအနေ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ သူ့နေရာမှာ ဖလူမီနိစ်ကွင်းလယ်လူ မာတီနယ်လီကို အစားထိုး ခေါ်ယူလိုက်တယ်လို့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးက ကာလိုအန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလား လူစာရင်းကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီးနောက် လက်ရွေးစင်အသင်းဆီ ပြန်လည် ခေါ်ယူခံခဲ့ရတာ ဖြစ်ပါတယ်။

ပက်ဒရိုက ဒီနှစ်ရာသီအစ ပွဲစဉ် ၆ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူပေးထားသလို သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟားလ်စီးတီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပတ်ဒရိုက ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ဂိုးပါ သွင်းယူပေးခဲ့တာ ဖြစ်ပေမဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ ချဲလ်ဆီးအသင်းဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။