The network connection is lost.

Banner Image

ဂါနာချိုနဲ့ ဂစ်တန်တို့ကို ဘာအတွက်ခေါ်ယူခဲ့တာလဲလို့ ချဲလ်ဆီးကို ဝေဖန်မေးခွန်းထုတ်လာတဲ့ ရွန်းနီ

ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဝိန်းရွန်းနီက ချယ်လ်ဆီးအသင်းရဲ့ ကျရှုံးမှုတွေဟာ သူတို့ရဲ့ ထူးဆန်းတဲ့ ကစားသမားခေါ်ယူမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားသား ဂါနာချိုဟာ မန်ယူအသင်းကနေ စတန်းဖို့ဒ်ဘရစ်ချ်ဆီကို ပေါင် ၄၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ သူ့ကို ပြန်လည်ရောင်းချတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂါနာချိုဟာ ပရိသတ်တွေကြားမှာ အများကြီး မျှော်လင့်ချက်ပေးပြီးမှ အသင်းထဲရောက်တဲ့အခါ လုံးဝခြေစွမ်းမပြနိုင်ဘဲ ကျရှုံးခဲ့ရတဲ့ ချယ်လ်ဆီးကစားသမားတွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ BBC ပေါ့ဒ်ကတ်စ် (podcast) အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပြီး ရွန်းနီက ချယ်လ်ဆီးရဲ့ မကြာသေးမီနှစ်တွေအတွင်း အသုံးပြုခဲ့တဲ့ အပြောင်းအရွှေ့ဗျူဟာတွေဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ယူဆနေပါတယ်။ ဒါပေမဲ့ လာမယ့်ရာသီမှာ နည်းပြသစ်အဖြစ် ရှာဘီအလွန်ဆို ရောက်ရှိလာမှာက အသင်းကို ပြန်လည်ဦးမော့စေနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

"ချယ်လ်ဆီးမှာ ကစားသမားစုဖွဲ့မှုက အရမ်းကြီးနေပြီး ထူးဆန်းတဲ့ ခေါ်ယူမှုတွေလည်း အများကြီးလုပ်ထားတာကြောင့် ကစားသမားတချို့ကို ပြန်ရောင်းထုတ်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ (နိုနီ) မာဒူအေကေးကို အာဆင်နယ်ဆီ ရောင်းလိုက်ပြီး ဂစ်တန်ကို ခေါ်လိုက်တာက ကျွန်တော့်အတွက်တော့ နားမလည်နိုင်စရာပါပဲ။ ဂါနာချိုကို ခေါ်ယူခဲ့တာကိုလည်း ကျွန်တော် လုံးဝသဘောမကျခဲ့ဘူး၊ တကယ်ကို ထူးဆန်းတဲ့ ခေါ်ယူမှုတွေပါပဲ" လို့ ရွန်းနီက ပြောပါတယ်။

"လူငယ်ကစားသမားတွေကို ကူညီပေးနိုင်ဖို့နဲ့ အသင်းမှာ အတွေ့အကြုံရှိတဲ့သူတွေ ပိုရှိလာဖို့အတွက် လက်ရှိကစားသမားတချို့ကို ရောင်းထုတ်ပစ်ဖို့ လိုအပ်ပါတယ်။ အလွန်ဆိုကို Head Coach အဖြစ်မဟုတ်ဘဲ မန်နေဂျာ (Manager) အဖြစ် ခန့်အပ်လိုက်တာကိုလည်း ကျွန်တော် သဘောကျပါတယ်။ အသင်းမှာ ထူးချွန်တဲ့ ကစားသမားတွေ အများကြီးရှိတာကြောင့် ဒီနွေရာသီမှာ ကစားသမားကောင်းတွေသာ မှန်မှန်ကန်ကန် ခေါ်ယူနိုင်မယ်ဆိုရင် ချယ်လ်ဆီးဟာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့အဆင့်အထိ ရောက်လာနိုင်ပါတယ်။ အလွန်ဆိုက ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်လို့ ကစားသမားတွေကလည်း သူ့လက်အောက်မှာ ကစားချင်ကြပါလိမ့်မယ်" လို့ ၎င်းက ဆိုခဲ့ပါတယ်။