The network connection is lost.

Banner Image

ပေါ့ဂ်ဘာကို လေ့ကျင့်ခန်းဆင်းခွင့်ပေးဖို့ ယူနိုက်တက်ကို ဖာဒီနန် တိုက်တွန်း

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ပေါ့ဂ်ဘာကို အသင်းမှာလေ့ကျင့်ခန်းလာဆင်းခွင့်ပေးဖို့ ယူနိုက်တက်တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်သားဟာ ဂျူဗင်တပ်စ်အသင်းနဲ့စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။ ဆေးသုံးစွဲခဲ့မှုကြောင့် ပေါ့ဂ်ဘာတစ်ယောက် ၄ နှစ်ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အပြည်ပြည်ဆိုင်ရာအားကစားခုံရုံးထံ အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ကို ၁၈ အထိ လျော့ချနိုင်ခဲ့ပါတယ်။အဆိုပါအနေအထားကြောင့် ပေါ့ဂ်ဘာအနေနဲ့ ဇန်နဝါရီထဲမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မှာဖြစ်ပြီး မတ်လထဲမှာ ဘောလုံးပြန်ကစားနိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က ကွင်းလယ်ပိုင်းအတွက် ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူနိုင်တယ်လို့ သတင်းတွေထွက်နေပြီး အာမက်နဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့သေးတာဖြစ်ပါတယ်။

ယူနိုက်တက်ထံ ပေါ့ဂ်ဘာပြန်လာဖို့ကိုလည်း ဖာဒီနန်က တိုက်တွန်းခဲ့သလို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ပေးဖို့ ပြောကြားခဲ့ပါတယ်။ အင်တာဗျူးမှာ ဖာဒီနန်က “သူ(ပေါ့ဂ်ဘာ)တစ်ယောက် တစ်နေရာရာကို သွားမှာပါ။ သေချာပါတယ်။ ယူနိုက်တက်ကိုလား?။ ကျွန်တော်ကတော့ သူ့ကိုအသင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းစေချင်ပါတယ်။ အဲ့နောက် ဘာဖြစ်မလဲဆိုတာကိုဆက်လက်စောင့်ကြည့်ချင်ပါတယ်။ ကျွန်တော်သာဆိုရင်လည်း အဲ့လိုလုပ်မှာပါ။သူ့အခြေအနေကို စောင့်ကြည့်ချင်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။၂၀၁၆ တုန်းက ပေါ့ဂ်ဘာဟာ ယူနိုက်တက်ထံ ဒုတိယအကြိမ်ပြန်လာခဲ့ပြီး သူ့ရဲ့အပြောင်းအရွှေ့ကို ဗြိတိန်နာမည်ကျော် ရက်ပ်ပါ Stormzy က သီချင်းစပ်ဆိုပေးခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာလည်း ဖာဒီနန်က Stormzy တစ်ယောက် ပေါ့ဂ်ဘာအတွက် နောက်ထပ်သီချင်းတစ်ပုဒ်စပ်နေလောက်ပြီလို့ စနောက်ခဲ့ပါတယ်။အပြောင်းအရွှေ့အတွက် သတင်းတွေထွက်နေပေမယ့် ယူနိုက်တက်ဘက်က ပေါ့ဂ်ဘာဘက်ကို တရားဝင်ချဉ်းကပ်မှုတွေမရှိသေးတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်သားကို မေဂျာလိဂ် နဲ့ ဆော်ဒီလိဂ်က ချိတ်ဆက်နေပြီး လာမယ့်လအနည်းငယ်အတွင်းမှာ သူ့အနာဂတ်နဲ့ပတ်သက်လို့ တစ်ခုခုဆုံးဖြတ်ဖွယ်ရှိနေပါတယ်။