The network connection is lost.

Banner Image

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲထွက်အများဆုံးစံချိန်ကို ရနိုင်မယ်လို့ မမျှော်လင့်ခဲ့ကြောင်းဖွင့်ဟလာတဲ့ မီလ်နာ

စနေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျိမ်းစ် မီလ်နာဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲထွက်ကစားမှု အများဆုံးစံချိန်ရှင်အဖြစ် တရားဝင် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီစံချိန်ဟာ တကယ်တော့ မဖြစ်နိုင်သလောက် နီးနီးပါပဲလို့ သူက ပြောပြခဲ့ပါတယ်။

မီလ်နာဟာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလမှာ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမားလေးဘဝနဲ့ ပရီးမီးယားလိဂ်မှာ စတင်ခြေချခဲ့တာပါ။ အခုတစ်ပတ် ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲအများဆုံးကစားနိုင်တဲ့ စံချိန်သစ်ကို တင်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကြယ်ပွင့်ဟောင်းဖြစ်သူက ဒီရာသီမှာ ဒီလိုစံချိန်မျိုးရဖို့ သိပ်ပြီးမမျှော်လင့်ထားခဲ့သလို၊ ဒါဟာ မဖြစ်နိုင်တော့ဘူးလို့တောင် သူထင်ခဲ့တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။

"ပြီးခဲ့တဲ့ရာသီ ဒီဇင်ဘာလလောက်တုန်းကလို့ ထင်ပါတယ်၊ ဘရိုက်တန်အသင်းရဲ့ အားကစားကုထုံးပညာရှင် ရှောင်ဒါဂန်ကတောင် ကျွန်တော့်ကို နှစ်ပတ်လောက်ပဲ ဆက်ကစားပြီး တော်ပြီလို့ ပြောတော့မယ်လို့ သူထင်ခဲ့ကြောင်း ပြောဖူးတယ်" လို့ မီလ်နာက ဆိုပါတယ်။

"အမှန်အတိုင်းပြောရရင် အဲ့ဒီအချိန်တုန်းက ဒီစံချိန်ကို ချိုးဖျက်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနားမှာ လူကောင်းတွေရှိနေတာ ကံကောင်းခဲ့ပါတယ်။ ကျွန်တော့်အပေါ် ယုံကြည်ပေးတဲ့သူတွေရယ်၊ အခုတူတူကစားနေတဲ့ အသင်းဖော်ကောင်းတွေရယ်ကြောင့်ပါပဲ"

"ဒါဟာ တကယ့်ကို များပြားလှတဲ့ ပွဲအရေအတွက်ပါ၊ ဒီလိုစံချိန်မျိုး ရလိုက်တာကလည်း အရမ်းကောင်းပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လူပြောများနေကြတာလည်း သိပါတယ်။ ကျွန်တော့်အတွက်ကတော့ တစ်ကိုယ်တော်စံချိန်တွေနောက်ကို လိုက်နေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲကို အတူတူပျော်ရွှင်စွာ ဆင်နွှဲရတာကပဲ ဘောလုံးကစားရခြင်းရဲ့ အဓိကအကြောင်းအရင်းပါပဲ" လို့ သူက ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ အက်ဖ်အေဖလား ၂ လုံး၊ လိဂ်ဖလား ၂ လုံးနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ မီလ်နာဟာ ဘောလုံးလောကရဲ့ စံပြကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ဒီစံချိန်ဟာလည်း နောက်ထပ် ဆယ်စုနှစ်များစွာအထိ ချိုးဖျက်နိုင်ဖို့ မလွယ်ကူတဲ့ စံချိန်တစ်ခု ဖြစ်လာတော့မှာပါ။