The network connection is lost.

Banner Image

ကူကူရယ်လာရဲ့ တံကောက်ကြောဒဏ်ရာကို အတည်ပြုလိုက်တဲ့ ရိုစီနီယာ

ချဲလ်ဆီးနည်းပြလီယမ်ရိုစီနီယာက မာ့ခ်ကူကူရယ်လာဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတယ်လို့ အတည်ပြုလိုက်ပါတယ်။ 
ဒီစပိန်လူမျိုး ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လိဒ်ယူနိုက်တက်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပေါင်နာကျင်တယ်လို့ ပြောခဲ့တာကြောင့် ပထမပိုင်းအပြီးမှာတင် လူစားလဲခံခဲ့ရတာဖြစ်ပြီး ၄ ဂိုးပြတ်နိုင်ခဲ့တဲ့ ဟားလ်အသင်းနဲ့ပွဲမှာတော့ လူစာရင်းထဲမှာတောင် မပါဝင်ခဲ့ပါဘူး။ 
ရိုစီနီယာက လိဒ်နဲ့ပွဲအပြီးမှာ အခြေအနေကို ပြောပြခဲ့ရာမှာ ဒီလူစားလဲမှုဟာ ဗျူဟာကြောင့် မဟုတ်ဘဲ မဖြစ်မနေ လဲခဲ့ရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ 
ရိုစီနီယာက"ကံမကောင်းစွာနဲ့ပဲ ပထမပိုင်းအတွင်း တံကောက်ကြောမှာ တစ်ခုခု ခံစားလိုက်ရတယ်။ ဒါဟာ နည်းဗျူဟာအရ လဲတာမဟုတ်ဘဲ ဒဏ်ရာကြောင့် မဖြစ်မနေ လဲခဲ့ရတာပါ။ ကူကူက အကောင်းဆုံး ကစားနေတဲ့သူဖြစ်လို့ သူ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ သူ့ကို စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်သလို နောက်ပွဲမှာ ပါဝင်နိုင်မလားဆိုတာကိုလည်း သေချာအောင် လုပ်သွားမှာပါ" လို့ ပြောခဲ့ပါတယ်။ 
ဟားလ်နဲ့ပွဲအပြီး နောက်ခံလူရဲ့ နောက်ဆုံးအခြေအနေကို ထပ်မေးတဲ့အခါမှာတော့ ရိုစီနီယာရဲ့ အဖြေက အရင်လောက် အကောင်းမြင်စရာ မရှိတော့ပါဘူး။ 
ရိုစီနီယာက "လောလောဆယ်တော့ သူ မကစားနိုင်သေးပါဘူး၊ သူ့ရဲ့ ပတံကောက်ကြောမှာ ပြဿနာတစ်ခုခု ရှိနေလို့ပါ။
ဘယ်လောက်ကြာမလဲဆိုတာတော့ ကျွန်တော် မသိသေးပါဘူး၊ အခုအချိန်မှာ ဘယ်လောက်ကြာမယ်ဆိုတဲ့ အချိန်ဇယားကိုလည်း မပြောနိုင်သေးပါဘူး" လို့ ပြောခဲ့ပါတယ်။ 
လိဒ်စ်နဲ့ပွဲတုန်းက ကူကူရယ်လာရဲ့နေရာမှာ ဟာတိုဝင်ကစားခဲ့သလို ဟားလ်နဲ့ပွဲမှာလည်း သူပဲ ပွဲထွက်ကစားခဲ့ပါတယ်။