The network connection is lost.

Banner Image

ဗလန်စီယာကို မတူညီတဲ့ပုံစံနဲ့ လမ်းခွဲချင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့တဲ့ မော်စ်ကွီရာ

ယခုနွေရာသီအတွင်း စပိန်လာလီဂါကလပ် ဗလန်စီယာမှ အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ခရစ်သီယန်မော်စ်ကွီရာက သူ့အနေနဲ့ ဗလန်စီယာနဲ့လမ်းခွဲရာမှာ ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့တာကြောင့် ယခုအခါမှာတော့ မတူညီတဲ့ပုံစံနဲ့လမ်းခွဲချင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

စပိန်ယူ-၂၁ ကစားသမားဟာ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်း+ အပိုဆုကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗလန်စီယာမှထွက်ခွာချိန်မှာ ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မော်စ်ကွီရာဟာ သူ့ရဲ့စီနီယာကစားသမားဘဝတစ်လျှောက်လုံးကို ဗလန်စီယာမှာပဲ ကုန်ဆုံးခဲ့တာဖြစ်ပြီး ၈ နှစ်ကြာအထိ နေထိုင်ခဲ့သူဖြစ်ပါတယ်။ 

သို့သော်လည်း ဗလန်စီယာကတော့ မော်စ်ကွီရာဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့တာကြောင့် ကစားသမားဟာ ပရိသတ်တွေအကြား ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် မော်စ်ကွီရာရဲ့ပုံရိပ်ဟာ စပိန်မြေမှာ ကျဆင်းသွားခဲ့ပြီး ယခုအခါမှာတော့ ဗလန်စီယာနဲ့ လမ်းခွဲရာမှာ ပိုမိုကောင်းမွန်တဲ့အခြေအနေနဲ့ လမ်းခွဲချင်ခဲ့ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

မော်စ်ကွီရာက "ကျွန်တော့်ရဲ့အိမ်လိုနေရာကနေ ထွက်ခွာရချိန်မှာ အရာရာတိုင်းက အရင်တိုင်းမဟုတ်သလို ဖြစ်နေခဲ့ပါတယ်။ အသင်းဘက်ကလည်း ကျွန်တော်က သက်တမ်းမတိုးတဲ့အကြောင်း တရားဝင် ဖော်ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဗလန်စီယာကို ဘယ်တော့မှမကောင်းပြောမှာမဟုတ်ပါဘူး။ ဒီအသင်းက ကျွန်တော့်ကို အရာရာပေးအပ်ခဲ့တဲ့အသင်းဖြစ်လို့ပါ"

"ဒါပေမယ့် ဒီလိုလမ်းခွဲရတာနဲ့ မတူညီတဲ့ပုံစံကိုတော့ လိုချင်ခဲ့မိပါတယ်။ ‌ဘောလုံးမှာ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်အတွက်လည်းကြည့်ရတာတွေရှိပါတယ်။ ဒါတွေကို နားလည်တဲ့သူတွေရှိသလို၊ နားမလည်တဲ့သူတွေလည်းရှိမှာပါ။ ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ ဗလန်စီယာမှာတုန်းက ကျွန်တော်တတ်နိုင်သလောက် ပေးဆပ်ခဲ့ပြီးဖြစ်လို့ အခုချိန်မှာ စိတ်ရှင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မော်စ်ကွီရာဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘဝပွဲဦးထွက်ကို လိဒ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ကစားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အန်ဒရီဘာတာကတော့ မော်စ်ကွီရာဟာ အသင်းရဲ့နောက်တန်းအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်ပေမယ့် ကစားသမားဖြစ်ကြောင်း ချီးကျူးပြောဆိုထားပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း "အသက်-၂၁ နှစ်ပဲရှိသေးပေမယ့် မော်စ်ကွီရာက သူ့ရဲ့အစွမ်းအစကို လာလီဂါမှာပြပြီးသားပါ။ အသက်ငယ်ပေမယ့် အတွေ့အကြုံအတော်လေးရှိနေပါပြီ။ သူက ဗဟိုခံစစ်မှာရော၊ နောက်ခံနေရာတွေမှာပါကစားနိုင်တဲ့ စွယ်စုံရကစားသမားပါ။ အသင်းရဲ့ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်မှာသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။

မော်စ်ကွီရာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ဝီလီယမ်ဆာလီဘာနေရာမှာ အစားထိုးဝင်ရောက်ခဲ့ပြီး ၈၅ မိနစ်အထိ ကစားခွင့်ရခဲ့ပါတယ်။