The network connection is lost.

Banner Image

အခိုက်အတန့်ကောင်းဖြစ်နေချိန် အမေရိကန်နည်းပြရာထူးကို ပက်ဂွါဒီယိုလာ လက်ခံသင့်တယ်လို့ ပိုချက်တီနို အကြံပြု

မန်ချက်စတာယူနိုက်တက်နည်းပြသစ် ပိုချက်တီနိုက အမေရိကန်အမျိုးသားလက်ရွေးစင်အသင်းနည်းပြရာထူးကို ပက်ဂွါဒီယိုလာ လက်ခံသင့်တယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။

ကွန်ကာကပ်ဖ်နေးရှင်းလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့အဖြစ် အင်္ဂါနေ့မှာ ဟေတီနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် အမေရိကန်အသင်းကို ပိုချက်တီနို နောက်ဆုံးအကြိမ် ကိုင်တွယ်သွားပါလိမ့်မယ်။

အဲဒီနောက်မှာတော့ အခုဘောလုံးရာသီရဲ့ ပွဲကြီးပွဲကောင်းတွေအနက် တစ်ခုဖြစ်တဲ့ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ပွဲစဉ်အတွက် ပြင်ဆင်ဖို့ အင်္ဂလန်ဆီ ပိုချက်တီနို ရောက်ရှိလာပါလိမ့်မယ်။

အခုလိုထွက်ခွာဖို့ ရှိနေချိန်မှာပဲ သူ့ရဲ့နေရာအစားထိုးဆက်ခံသူအဖြစ် ပက်ဂွါဒီယိုလာ ဖြစ်နိုင်ခြေအကြောင်း ပိုချက်တီနိုဆီ မေးမြန်းလာကြပါတယ်။ ပက်ဂွါဒီယိုလာကတော့ ဆယ်စုနှစ်တစ်ခုကြာ မန်စီးတီးနဲ့အတူ ဖြတ်သန်းပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ကလပ်အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။

တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပိုချက်တီနိုက "အဖွဲ့ချုပ်ဆီ ရောက်ရှိလာဖို့ အကောင်းဆုံး အချိန်အခါဖြစ်နေလို့" အမေရိကန်အသင်းနည်းပြတာဝန်ကို ပက်ဂွါဒီယိုလာ လက်ခံသွားဖို့ အကြံပြုခဲ့ပါတယ်။

"အရာအားလုံး လမ်းကြောင်းမှန်ပေါ်၊ မှန်ကန်တဲ့ ဦးတည်ချက်ဆီ ရောက်နေပါတယ်။ သေချာပေါက် လက်ခံသင့်ပါတယ်။ တကယ်ကောင်းတဲ့ ကစားသမားတွေ၊ လူကောင်းတွေကို တွေ့ရမယ်ဆိုတာ သေချာသလို ကစားသမားတွေကိုယ်တိုင်လည်း သူ့ရဲ့ကစားဟန်နဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်ပါတယ်" လို့ ပိုချက်တီနိုက ပြောပါတယ်။

အတိတ်မှာလည်း ဂွါဒီယိုလာက အမေရိကန်ဘောလုံးလောကရဲ့အလားအလာအပေါ် စိတ်ဝင်စားမှု ပြသခဲ့ဖူးပြီး အမေရိကန်ကို "ဆွဲဆောင်မှုရှိတဲ့" စီမံကိန်းတစ်ခုအဖြစ် တင်စားကာ နိုင်ငံရဲ့အလားအလာကောင်းတွေကို ချီးကျူးခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ ဂွါဒီယိုလာက ဘောလုံးလောကမှ တစ်နှစ်တိတိ အနားယူဖို့ ရည်ရွယ်ထားလို့ ဘယ်လိုစီမံကိန်းကမ်းလှမ်းမှုမျိုးကိုမဆို ချက်ချင်းလက်ငင်းလက်ခံသွားဖို့ မရှိဘူးလို့ သိရပါတယ်။

အမေရိကန်အသင်းကို ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ထားခဲ့နိုင်ပြီလို့ ပိုချက်တီနို ယုံကြည်နေပေမဲ့ ဒီစီမံကိန်းကတော့ အနားယူနေတဲ့ ဂွါဒီယိုလာကို နည်းပြလောကဆီ ချက်ချင်း ပြန်လည်ဆွဲခေါ်နိုင်ဖို့ မလုံလောက်နိုင်ပါဘူး။