အခုသီတင်းပတ်ကုန် ဗီလာရီးရဲလ်နဲ့ပွဲစဉ်အတွက် ကူဘာစီ ပါဝင်နိုင်ဖို့ မသေချာပေမဲ့ ဒီဂျောင်တော့ ကြံ့ခိုင်မှု ပြည့်ဝနေ
အင်္ဂလန်ကို ရှုံးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ စပိန်နောက်ခံလူ ကူဘာစီ တင်ပါးဆုံရိုး ဒဏ်ရာ ရရှိသွားလို့ လာမယ့်တနင်္ဂနွေနေ့၊ ဗီလာရီးရဲလ်နဲ့လာလီဂါပွဲစဉ်မှာ ပါဝင်ကစားနိုင်ရေး မသေချာတော့ဘူးလို့ ဘာစီလိုနာအသင်းရဲ့တနင်္လာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ရှုံးနိမ့်မှုနဲ့ စပိန်တို့ ကြုံတွေ့ခဲ့ရတဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အသက် ၁၉ နှစ်အရွယ်ဗဟိုနောက်ခံလူကို ပထမပိုင်းအပြီးမှာတင် လူစားလဲလှယ်ခဲ့ရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ "ကူဘာစီရဲ့တင်ပါးဆုံရိုးကြွက်သား တင်းမာတဲ့ ဒဏ်ရာကို ခံစားနေရပါတယ်။ သူ့ရဲ့ဒဏ်ရာသက်သာလာမှုအခြေအနေအပေါ် မူတည်ပြီး ဗီလာရီးရဲလ်နဲ့ပွဲစဉ်ကို သူ ပါဝင်နိုင်မလားဆိုတာ ဆုံးဖြတ်သွားပါမယ်" လို့ ဖော်ပြထားပါတယ်။
ဒတ်ချ်ကွင်းလယ်လူဒီဂျောင်လည်း ကြွက်သားဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမဲ့ နူးကမ့်မှာ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်၀နေပြီလို့ စပိန်ချန်ပီယံတွေက ဆိုပါတယ်။
ဟန်စီဖလစ်ခ်ရဲ့ဘာစီလိုနာက လာလီဂါအမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်ထက် သုံးမှတ်အသာရရှိပြီး ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။