The network connection is lost.

Banner Image

ပထမပိုင်းပွဲချိန်အပြီး အင်တာဗျူးဖြေဆိုနေရမှုကို ဗလန်စီယာကစားသမား မက်ဖီအို ဒေါသအိုးပေါက်ကွဲ

ရီးရဲလ်မက်ဒရစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး အင်တာဗျူးအတင်းအကျပ်ပြုလုပ်ဖြေဆိုခိုင်းမှုနဲ့ပတ်သက်လို့ ဗလန်စီယာနောက်ခံလူ မက်ဖီအို ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။ 

ရုန်းကန်နေရတဲ့ ဗလန်စီယာက မက်စ်တဲလားကွင်းအတွင်း အငြင်းပွားစရာများပြားခဲ့တဲ့ အခုပွဲစဉ်ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့လို့ လာလီဂါအမှတ်ပေးဇယားတန်းဆင်းဇုန်မှာ ဆက်ရှိနေခဲ့ပါတယ်။

အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဗယ်လ်ဗာဒီ၊ အာဒါဂူလာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပထမပိုင်းပွဲချိန်အပြီး နှစ်ဂိုးပြတ်ဦးဆောင်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ DAZN ရုပ်သံသတင်းဌာနက မက်ဖီအိုကို အင်တာဗျူးလုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲစဉ်ရဲ့အခြေအနေတွေအပေါ် သိသိသာသာ စိတ်ပျက်နေတဲ့ ဒီစပိန်ညာနောက်ခံလူက အခုလိုအင်တာဗျူးမှာ ဝင်ရောက်ဖြေဆိုရမှုကိုလည်း မကျေမနပ် ဖြစ်ခဲ့ပါတယ်။

မက်ဖီယိုက "ကျွန်တော် ဒီအင်တာဗျူးကို လုံးဝမဖြေချင်ပါဘူး"

"ဒီအင်တာဗျူးက တကယ့်အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခုလို့ ထင်ပါတယ်။ လုံးဝ အသုံးမဝင်ပါဘူး။ ကျွန်တော်တို့က ပွဲချိန်ပြည့် မကစားရသေးဘူးလေ"

"ဒိုင်တွေက ပြစ်ဒဏ်ဘောမကျူးလွန်တဲ့ဖြစ်ရပ်ကိုတောင် ပြစ်ဒဏ်ဘောတွေ လိုက်ပေးနေကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒီလောက်ပါပဲ။ အင်တာဗျူး ဖြေရမယ်ဆိုတော့လည်း ဖြေရတာပေါ့"

"မေးချင်တာ မေးပါ၊ ဒီလောက်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် ၇၅ မိနစ်မှာ အမ်ဘာပေက မက်ဒရစ်အတွက် တတိယမြောက်ဂိုးကို သွင်းယူခဲ့လို့ မက်ဖီယိုနဲ့ ဗလန်စီယာရဲ့စိတ်ပျက်အားလျှော့မှုတွေ ပိုမိုနက်ရှိုင်းသွားခဲ့ပါတယ်။

ဒါ့အပြင် အိမ်ရှင်အသင်းခေါင်းဆောင်ဟိုဆေးဂါယာလည်း အမ်ဘာပေကို ဆွဲလှဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့အတူ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။