The network connection is lost.

Banner Image

အနီကတ်ပြစ်ဒဏ်အတွက် တောင်းပန်စကားဆိုလာတဲ့ ချဲလ်ဆီးတိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆန်

ဖလာမင်ဂိုကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ထုတ်ပယ်ခံရတဲ့ နီကိုးလပ်စ်ဂျက်ဆန်က နောက်ဆုံးလေးပွဲကစားရာမှာ ဒုတိယမြောက်အနီကတ်ပြစ်ဒဏ်ရရှိမှုအတွက် ကလပ်အသင်းပရိသတ်တွေနဲ့ အသင်းဖော်တွေဆီ တောင်းပန်ခဲ့ပါတယ်။ Instagram မှတဆင့် ဂျက်ဆန်က “ စောင့်ကြည့်နေတဲ့ပရိသတ်တွေ၊ အသင်းဖော်တွေ၊ ဝန်ထမ်းတွေနဲ့ ကလပ်အသင်းဆီ ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်။

နောက်ထပ် အနီကတ်ပြစ်ဒဏ်ပေါ့။ အရိုးသားဆုံးပြောရရင် ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ်ဒေါသထွက်မိပါတယ်။ အခုလိုအခြေအနေမျိုးဆီ မရောက်ရှိသွားစေဘဲ အသင်းအတွက် အကူအညီဖြစ်စေဖို့ ကျွန်တော် နေ့တိုင်းအပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ အပြည့်အဝနားမလည်နိုင်သေးပါဘူး။ တစ်ခုတော့ရှင်းပါတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘူးဆိုတာပါပဲ။ 

ဘောလုံးလမ်းကြောင်းမှားသွားတဲ့ အခိုက်အတန့်လေးတစ်ခုသာ ဖြစ်ပါတယ်။ ဆင်ခြေမပေးလိုဘဲ တာဝန်ကို အပြည့်အဝယူသွားပါမယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြီး အကောင်းဆုံးပြန်လာပါမယ်။ ကလပ်အသင်းအမှတ်တံဆိပ်နဲ့ ကျွန်တော့်အပေါ်ယုံကြည်ပေးသူအားလုံးအတွက် အသန်မာဆုံးပုံစံနဲ့ ပြန်လာပါမယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လတ်တလောမှာတော့ ဖလာမင်ဂိုက အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပြီး အနည်းဆုံးတစ်ပွဲပယ်ခံရမယ့် ဂျက်ဆန်မပါတဲ့ ချဲလ်ဆီးကတော့ အုပ်စုအပိတ်ပွဲစဉ်မှာ တူးနစ်နဲ့ ရင်ဆိုင်ကစားရပါမယ်။