The network connection is lost.

Banner Image

အာဆင်နယ်စတားကို အံ့အားသင့်ဖွယ်ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး

အာဆင်နယ်အသင်းဟာ မာဒူကီနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဘက်က အာဆင်နယ်စတား ဝမ်နီရီကို အံ့အားသင့်ဖွယ်ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။

ချဲလ်ဆီးနည်းပြ မာရက်စ်ကာက မာဒူကီဟာ ချဲလ်ဆီးအသင်းရဲ့အရေးပါတဲ့ကစားသမားလို့ ဆိုထားပေမယ့် အာဆင်နယ်ကိုပြောင်းဖို့ အလားအလာများနေတာဖြစ်ပါတယ်။ ဒါပေမယ့် စနေနေ့တုန်းက ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲအပြီးမှာ အင်္ဂလန်သားက အာဆင်နယ်ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးအတွက် အသင်း ၂ သင်းကြားဆွေးနွေးရဦးမှာဖြစ်ပါတယ်။

မာဒူကီကို ချဲလ်ဆီးဘက်က ပေါင်သန်း ၅၀ တန်ကြေးသတ်မှတ်ထားပြီး ချဲလ်ဆီးစတား ကီပါလည်း အခုနွေရာသီမှာ အာဆင်နယ်ထံပြောင်းရွှေ့ခဲ့ပါတယ်။ ချဲလ်ဆီးဟာ အခုနွေရာသီမှာ ဒီလပ် ၊ ပက်ဒရို ၊ အီစတာဗို ၊ ဂစ်တန်တို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဘက်က အပြောင်းအရွှေ့အတွက် လှုပ်ရှားနေဆဲဖြစ်ပြီး အာဆင်နယ်စတား ဝမ်နီရီကို ပစ်မှတ်ထားလာပါတယ်။

ပရီးမီးယားလိဂ်အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့တဲ့ ဝမ်နီရီဟာ ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ဆာကာနေရာမှာအစားဝင်ကစားနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သားရဲ့စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးနေပေမယ့် တိုးတက်မှုမရှိသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဘက်က အင်္ဂလန်သားအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး အာဆင်နယ်နဲ့စာချုပ်သစ်သဘောတူညီမှုမရခဲ့ရင် ခေါ်ယူဖွယ်ရှိနေပါတယ်။ ဝမ်နီရီက အာဆင်နယ်မှာဆက်နေချင်နေပေမယ့် ပွဲထွက်ခွင့်အာမခံချက်တော့ မပေးနိုင်တာဖြစ်ပါတယ်။ အာတီတာရဲ့အာဆင်နယ်ဟာ အခုနွေရာသီမှာ ဇူဘီမန်ဒီ ၊ နော်ဂတ်တို့ကိုခေါ်ယူထားနိုင်ပြီး ဗလန်စီယာနောက်ခံလူ မော့စကွီယာကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။