The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲစဉ်မတိုင်ခင် ဂူမာယေးစ်နဲ့ မော့စ်ကွီယာတို့ရဲ့ ကြံ့ခိုင်မှုပိုင်းကြောင့် ချွေးပြန်နေရတဲ့ အာဆင်နယ်

ပြီးခဲ့တဲ့ကြာသပတေးနေ့၊ လေ့ကျင့်ရေးအစီအစဉ်ကို အာဆင်နယ်ရဲ့အဓိကကစားသမားနှစ်ဦး လွဲချော်ခဲ့ပြီးနောက် အခုသီတင်းပတ်ပိတ်ရက်မှာကစားရမယ့် ချဲလ်ဆီးနဲ့လန်ဒန်ဒါဘီပွဲစဉ်အတွက် ကစားသမားရွေးချယ်မှုအပိုင်းမှာ နည်းပြအာတီတာ အခက်တွေ့လာနိုင်ပါတယ်။

ဂန်းနားတွေက ပရီးမီးယားလိဂ်ရာသီအစမှတ်တမ်းကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်နေပြီး အမ်းမရိတ်စ်ကွင်းပွဲစဉ်အတွက် ပြင်ဆင်နေကြပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ လန်ဒန်ကိုးလ်နီမှာ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်ရဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်း ကစားသမားသစ်ဘရူနိုဂူမာယေးစ်နဲ့ နောက်ခံလူမော့စ်ကွီယာတို့ မပါဝင်နိုင်ခဲ့ဘဲ ဒီကစားသမားနှစ်ဦးရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာတယ်လို့ သိရပါတယ်။

ဆီးခုံဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ ဂူမာယေးစ်က ကိုဗင်ထရီနဲ့ ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့သလို အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာလည်း ၁၉ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ မော့်စ်ကွီယာက အက်စတွန်ဗီလာနဲ့ပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ လူစားလဲလှယ်ခဲ့ရပါတယ်။ အစောပိုင်းမှာ ဒီလူစားလဲလှယ်မှုကို ကြိုတင်ကာကွယ်မှုအဖြစ် ရှုမြင်သူတွေလည်း ရှိခဲ့ကြပါတယ်။

"မော့စ်ကွီယာ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူ့မှာ တခုခုခံစားနေရတဲ့ပုံစံမျိုးဖြစ်နေလို့ အရန်ခုံမှာ အဆင်သင့်ရှိနေတဲ့ ကွန်ဆာကို လူစားလဲထည့်သွင်းခဲ့ပါတယ်" လို့ အာတီတာက သတင်းမီဒီယာတွေဆီ ပြောကြားခဲ့ပါတယ်။