The network connection is lost.

Banner Image

မန်စီးတီးမှာ အဆင်မပြေတဲ့ အစ်နူရီကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ အပြိုင်စိတ်ဝင်စားနေ

အန်ဇိုမာရက်စ်ကာလက်အောက်မှာ ပွဲကစားခွင့်နည်းပါးနေမှုအပေါ် စိတ်ပျက်မှု မြင့်တက်လာနေတဲ့ မန်စီးတီးနောက်ခံလူအစ်နူရီက ဇန်နဝါရီမှာ အသင်းမှထွက်ခွာခွင့် ရရှိဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Sacha Tavolieri ရဲ့ဖော်ပြချက်အရ ဆောင်းရာသီအပြောင်းအရွှေ့ကာလမတိုင်မီ ဒီအယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားရဲ့အခြေအနေကို ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက ၂၀၂၅ ခုနှစ်မှာ ဝုဗ်မှ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပြီး ရာသီအစပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရရှိဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲထွက်ခွင့်ဦးစားပေးစာရင်းမှာ ဂျီဗာဒီအောနဲ့ အိုရွိုင်းလီတို့ ရှိနေလို့ အစ်နူရီက အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၄ ပွဲသာ ကစားထားရပြီး စုစုပေါင်းပွဲကစားချိန် ၁၆၈ မိနစ်သာ ရရှိထားပါတယ်။

အစ်နူရီရဲ့ပါရမီတွေ အလဟဿမဖြစ်စေဖို့အတွက် ဖြေရှင်းချက်တစ်ခုကို ရှာဖွေရမယ်လို့ ကစားသမားရဲ့ကိုယ်စားလှယ်တွေက မကြာသေးမီကပဲ L'Equipe သတင်းစာဆီ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဘက်က အပြီးသတ်ရောင်းချချင်ပေမဲ့ ဘဏ္ဍာရေးကန့်သတ်ချက်တွေကြောင့် အီတလီကလပ်တွေနဲ့ ဆွေးနွေးမှုတွေမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။

အငှားခေါ်ယူခွင့်ပေးကာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ ပြည့်မီရင် မဖြစ်မနေ အပြီးသတ်ဝယ်ယူရမယ့် သဘောတူညီချက်ပါဝင်တဲ့ စာချုပ်မျိုးကတော့ သက်ဆိုင်သူအားလုံးအတွက် လက်တွေ့အကျဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။