The network connection is lost.

Banner Image

ပရိသတ်တွေကပဲ ကလပ်ကိုလှပအောင် လုပ်နေကြတာပါလို့ ပြောကြားလိုက်တဲ့ ကက်စ်မဲရိုး

အင်းဆွစ်နှင့်ကစားခဲ့တဲ့ပွဲဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ ယူနိုက်တက်သို့ရောက်လာခဲ့တဲ့ ကွင်းလယ်ကစားသမားအတွက် နောက်ထပ်အဓိကအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ အဲဗာတန်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ယူနိုက်တက်အတွက် ကက်စ်မဲရိုးရဲ့ ၁၀၂ ကြိမ်မြောက် ပွဲထွက်မှုဖြစ်နိုင်တာကြောင့် ဘရာဇီးသားရဲ့ ပွဲပေါင်းရာကျော်တွေအထိ လျှောက်လှမ်းခဲ့တဲ့အကြောင်းနှင့် ကျွန်တော်တို့ရဲ့ ပရိသတ်တွေအပေါ် မယိမ်းယိုင် ရှိခဲ့တဲ့အပေါ် ပြောကြားလိုက်ပါတယ်။

Match Day အင်တာဗျူးတွင် အသက် ၃၂ နှစ်အရွယ် ကစးသမားက Theatre of Dreams နှင့်  ပရိသတ်တွေရဲ့ ဆက်ဆံမှုက သူရဲ့ နှလုံးသားထဲတွင် အထူးနေရာတစ်ခု ရှိနေကြောင်း ရှင်းပြခဲ့ပါတယ်။"ကျွန်တော်က လီဗာပူးနှင့်ပွဲကို ကစားဖို့ ရှိနေခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။ "ကျွန်တော် မကစားဖြစ်ခဲ့ပါဘူး အားကစားကွင်းမှာ မိတ်ဆက်တဲ့အချိန်တုန်းက အရမ်းထူးခြားပါတယ်"

"အသက် ၁၅ နှစ်အရွယ်တုန်းက ဒီမှာ ပွဲတစ်ပွဲကို ကျွန်တော် ကစားခဲ့ပါတယ်။ ဒါကြောင့် အဲဒါကို ကြည့်တဲ့အခါတိုင်း ဒါမှမဟုတ် ကွင်းထဲကို ဝင်တဲ့အခါတိုင်း အမြဲတမ်း ထူးခြားနေပါတယ်။ ပရိသတ်တွေရဲ့ နွေးထွေးမှုနဲ့ ကျွန်တော်တို့ကို အားပေးပုံတွေကို အမြဲခံစားရနိုင်တယ်"

"အဲဒါက သူ့အလိုလိုပြောလို့ထင်တယ်။ ဒါက လှပတဲ့ အားကစားကွင်းဖြစ်ပြီး ပရိသတ်တွေက ပိုလို့တောင် လှပနေအောင် လုပ်ထားတာပါ" လို့ ကက်စ်မဲရိုးက ပြောပါတယ်။ကက်စ်မဲရိုးဟာ ယူနိုက်တက် အသင်းကို ကာရာဘောင်းဖလား နဲ့ အက်ဖ်အေဖလား နှစ်ကြိမ် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ကွင်းထဲက အောင်မြင်မှုဟာ အိုးထရက်ဖို့ဒ်ကို ရောက်ကတည်းက သူ့ပရိသတ်တွေပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်လို နေတာဖြစ်ပါတယ်။

"ပထမမိနစ်ကတည်းက အိမ်ကဲ့သို့ ခံစားခဲ့ရတာပါ" "မန်ချက်စတာလေဆိပ်ကို စရောက်တဲ့ ပထမဆုံးနေ့ကစပြီး အိမ်လိုပဲ ခံစားခဲ့ရတာ အရမ်းကောင်းပါတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေအတွက် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ကွင်းထဲမှာကစားပြီး အဲ့ဒါကို ပြန်ဆပ်ချင်ပါတယ်" "လူတိုင်းက အနိုင်ယူချင်ကြပေမယ့် ကျွန်တော့်ရဲ့ အတွေးအမြင်ကတော့ ကျွန်တော့်အတွက်သာမက ကျွန်တော့်မိသားစုအတွက်သာမက ကလပ်အတွက်သာမက ပရိသတ်အတွက်ပါ ကျွန်တော် အကောင်းဆုံးကြိုးစားဖို့ပါပဲ"

"စစချင်းကတည်းက ပရိသတ်တွေရဲ့အားပေးမှုဟာ ထူးခြားပြီး အထူးတလည် ဖြစ်ခဲ့တဲ့အတွက် အရမ်းအံ့သြမိပါတယ်။ သူတို့အပေါ် အရမ်းချစ်ခင်ရတဲ့ ခံစားချက်ကြောင့် အချိန်တိုင်းကို တန်ဖိုးထား ပျော်ရွှင်မိပါတယ်" လို့ ကက်စ်မဲရိုးက ပြောပါတယ်။