The network connection is lost.

Banner Image

ဘဝရဲ့အပျော်ရွှင်ဆုံးနေ့ရက်တွေအနက် တစ်ခုပဲလို ပြောလိုက်တဲ့ ဘိုင်ယန်ကွင်းလယ်လူသစ် ပယ်လင်ဟာ

နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်က ဖူလ်ဟမ်အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ပယ်လင်ဟာကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်နိုင်ပါပြီ။ ဒီအတွက် ပယ်လင်ဟာကိုယ်တိုင်လည်း သူ့ရဲ့ဝမ်းသာပိတီဖြစ်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။

FCBayern.com နဲ့တွေ့ဆုံချိန် ပယ်လင်ဟာက “ကျွန်တော့်ဘဝရဲ့အပျော်ရွှင်ဆုံးနေ့ရက်တွေအနက် တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်က ဥရောပထိပ်တန်းကလပ်အသင်းတွေထဲမှာပါဝင်တဲ့ ကလပ်အသင်းတစ်ခုအတွက် ကစားပေးရပါတော့မယ်။ ဒါက ကျွန်တော့်အတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်တည်လာခဲ့တာပါ။ အလိုင်းယန့်ဇ်အရီနာကွင်းကြီးထဲမှာ ရှိနေတဲ့ ပရိသတ်တွေနဲ့ အငွေ့အသက်တွေကို ကျွန်တော် မျှော်လင့်နေပါပြီ။ ကျွန်တော့်မှာရှိသမျှအရာအားလုံးကို ပေးဆပ်ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ဆွတ်ခူးချင်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော့်ဘဝရဲ့ဂုဏ်အယူရဆုံးအခိုက်အတန့်တစ်ခုပါ။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်အတွက်လည်း ဂုဏ်ယူမိပါတယ်။ သမိုင်းကြောင်းကို ဆုဖလားတွေနဲ့ ဆက်လက်ရေးသားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာပါ။ ဘိုင်ယန်လိုကလပ်အသင်းကြီးဆီ ပြောင်းရွှေ့လာသူတိုင်း ဂုဏ်ယူနေကြပါလိမ့်မယ်။ ကျွန်တော့်ရဲ့ငယ်ဘဝအိပ်မက်က အခုလိုအမြင့်ဆုံးအဆင့်အတန်းမှာ ကစားနိုင်ဖို့ပါပဲ။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုအတွက် ထူးရှယ်ဖြစ်သလို ဂုဏ်ယူနေရခြင်းရဲ့အကြောင်းပြချက်တစ်ခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ပယ်လင်ဟာက ဘာဗေးရီးယားဒေသအခြေစိုက်ကလပ်မှာ ကျောနံပါတ် ၁၆ ကို ဝတ်ဆင်သွားပါမယ်။

“ကွင်းထဲမှာ အရာရာတိုင်းကို ပေးဆပ်သွားမှာပါ။ ကျွန်တော်က စိတ်ဓါတ်ပြင်းထန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘောလုံးပြန်ဆယ်ရတာတွေ၊ ဘောလုံးဖျက်ထုတ်ရတာတွေနဲ့ အဝေးဘောပေးပို့ရတာတွေကို ကြိုက်နှစ်သက်ပါတယ်။ ဒီကလပ်အသင်းအတွက် အရာရာတိုင်းကို ပေးဆပ်သွားပါမယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ ဆုဖလားတွေ အများကြီးသိမ်းပိုက်သွားချင်ပါတယ်”လို့ ပယ်လင်ဟာက ပြောပါတယ်။