လေဗာကူဆင်ကွင်းလယ်လူ တီလ်မန်းကို မျက်စိကျနေတဲ့ ဖူလ်ဟမ်
လေဗာကူဆင် ကွင်းလယ်လူ တီလ်မန်းကို ဖူလ်ဟမ်အသင်း မျက်စိကျနေပါတယ်။ ဖူလ်ဟမ်ဟာ တီလ်မန်းကို ဟာရီဝီလ်ဆင်ရဲ့နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေတာပါ။ ဝေးလ်ကွင်းလယ်လူ ဟာရီဝီလ်ဆင်ဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အမေရိကန်ကွင်းလယ်လူ တီလ်မန်းဟာ ဖူလ်ဟမ်အတွက် အဆင်သင့်ဖြစ်နေတဲ့ အစားထိုးကစားသမားတစ်ဦး ဖြစ်ပေမဲ့ အသက် ၂၃ နှစ်အရွယ် ဒီကစားသမားကို ခေါ်ယူဖို့အတွက်တော့ ငွေကြေးအမြောက်အမြား အသုံးပြုရဖွယ် ရှိနေပါတယ်။ တီလ်မန်းဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၃၀ အထိ စာချုပ်သက်တမ်းရှိနေပြီး ဂျာမန်ကလပ်ဘက်က သူ့ရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၅၀ ထက်မနည်း သတ်မှတ်ထားနိုင်ပါတယ်။