The network connection is lost.

Banner Image

လီဗာပူးမှထွက်ခွာလာမှုအတွက် နောင်တမရဘူးလို့ ဆိုလိုက်တဲ့ ကွင်ဆာ

လီဗာပူးမှ လေဗာကူဆင်ဆီ ပြောင်းရွှေ့ခဲ့မှုကို မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ကွင်ဆာက ပြောကြားလိုက်ပါတယ်။

အင်္ဂလန်ခံစစ်မှူးက သူ့ရဲ့ ဂျာမန်မြေပထမဆုံးရာသီမှာတင် လေဗာကူဆင်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပုံမှန်တစ်နေရာ ရရှိထားသူ ဖြစ်လာပါတယ်။

"အသင်းရဲ့စီမံခန့်ခွဲပုံနဲ့ ကျွန်တော့်ဆီ ချဉ်းကပ်လာတဲ့ ပုံစံကြောင့်ပါ။ သူတို့က ကျွန်တော့်ရဲ့ကစားဟန်ကို ဘယ်လိုစောင့်ကြည့်ခဲ့သလဲ၊ ဘာတွေတွေ့ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့အစီအစဉ်တွေ ရှိထားပါတယ်" လို့ သူ့ရဲ့အသင်းပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ကွင်ဆာက Sky Sports News ဆီ ပြောပြခဲ့ပါတယ်။

"သူတို့က ကျွန်တော့်အကြောင်းကို အသေးစိတ်လေ့လာထားပြီး ကျွန်တော် ဘယ်လောက်ထိတိုးတက်လာနိုင်မလဲဆိုတဲ့ အလားအလာတွေကိုလည်း ပြောပြပါတယ်။ အဲဒါတွေက ကျွန်တော့်ရဲ့စဉ်းစားချက်တွေနဲ့လည်း ထပ်တူကျနေတာပါ။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးရဲ့အမြင်တွေက အဲဒီလိုမျိုး ထပ်တူကျနေလို့ ဒါ သိပ်ပြီး စဉ်းစားနေစရာမလိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

"အမှန်အတိုင်းပြောရရင် အရမ်းခက်ခဲတဲ့ဆုံးဖြတ်ချက်လို့ မပြောချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် ပွဲကစားချင်တာပဲ သိလို့ပါ။ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဘွန်ဒက်လီဂါဆိုတာလည်းချန်ပီယံလိဂ်လို ပွဲကြီးပွဲကောင်းတွေမှာ ကစားခွင့်ရတဲ့ ထိပ်တန်းလိဂ်တစ်ခု ဖြစ်ပါတယ်" လို့ ကွမ်းဆားက ဆက်လက်ပြောကြားခဲ့ပါတယ်။