The network connection is lost.

Banner Image

အန်ဖီးလ်မှာ ဖူလ်ဟမ်ကို အနိုင်ယူခဲ့တဲ့ လီဗာပူး

လီဗာပူး ၂-၀ ဖူလ်ဟမ် (ပွဲပြီးရလဒ်)

အခုအန်ဖီးလ်ကွင်းပွဲစဉ်မှာ အိမ်ရှင်လီဗာပူးက ပြိုင်ဘက်ဖူလ်ဟမ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အဖိုးတန်နိုင်ပွဲတစ်ခု ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အန်းစလော့ရဲ့အသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း အန်ဂူမိုဟာနဲ့ မိုဆာလက်တို့က သွင်းယူပေးခဲ့ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်မှုနဲ့အတူ ကြားရက်မှာ ပီအက်စ်ဂျီကို ဧည့်ခံကစားရမယ့် လီဗာပူးအတွက် အခုပွဲစဉ်အနိုင်ရလဒ်က အတော်လေးကျေနပ်စရာကောင်းသလို ရာသီကုန်၊ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုပါ အားကောင်းစေခဲ့ပါတယ်။