The network connection is lost.

Banner Image

ပေါင် ၅၁ သန်းတန် ကစားသမားကိုခေါ်ယူရေးမှာ အခက်တွေ့နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဇူဘီမန်ဒီ ကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် အခက်အခဲတစ်ရပ်နှင့် ရင်ဆိုင်နေရပြီး ရီးရဲလ်မက်ဒရစ်ကလည်း နွေရာသီတွင် ကွင်းလယ်ကစားသမားကို ဝယ်ယူရန် စိတ်ဝင်စားနေပါတယ်။ ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူး သို့ ပြောင်းရွှေ့ရန် ဆက်စပ်မှုများ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ရီးရဲလ်ဆိုစီဒက်စ် တွင် ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့တာပါ။ သို့သော် အာဆင်နယ် ကလည်း အသက် ၂၆ နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားနေပြီး နွေရာသီတွင် ဇူဘီမန်ဒီ ကိုခေါ်ယူရန် အသင့်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။

Mail ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ ဇူဘီမန်ဒီရဲ့ ပေါင် ၅၁ သန်းတန်း ပြောင်းရွှေ့ကြေးကို ပေးချေရန် အသင့်ရှိပြီး သဘောတူညီချက်အတွက် ဆွေးနွေးမှုများသည်လည်း နောက်တဆင့် တွင် ရှိနေကြောင်း သိရပါတယ်။ သောမက်စ်ပါတေး နှင့် ဂျော်ဂျင်ဟိုတို့ရဲ့ အနာဂတ်အပေါ် မရေရာမှုကြောင့် အာဆင်နယ်က သူတို့ရဲ့စိတ်ဝင်စားမှုကို မြန်မြန်ဆန်ဆန် တိုးမြှင့်လာကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ထိုကစားသမားနှစ်ဦးစလုံးဟာ ရာသီကုန်တွင် စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။
သို့သော် ယခုအခါတွင် ရီးရဲလ်မက်ဒရစ်က အဆိုပါစာချုပ်ကို ဖျက်ယူနိုင်ကြောင်း သိရပြီး Athletic ရဲ့ ဖော်ပြချက်အရ ဘာနေဗျူးတွင် ဇူဘီမန်ဒီ အား ခေါ်ယူရေးအတွက် ဆွေးနွေးမှုများ ရှိနေတယ်လို့ သိရပါတယ်။

မက်ဒရစ်ဟာ လီဗာပူးမှ အာနိုးလ်ကို အလွတ်ဖြင့်ခေါ်ယူရန် မျှော်လင့်နေပြီး သတင်းတွေအရ ဇူဘီမန်ဒီ အတွက် ဖြစ်နိုင်ခြေရှိတဲ့ ပြောင်းရွှေ့မှုနှင့်အတူ ဗဟိုခံစစ်သမားတစ်ဦးကိုလည်း ဝယ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ စပိန်လက်ရွေးစင် ဇူဘီမန်ဒီက နိုဝင်ဘာလတုန်းက အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းခံခဲ့ရပြီး "ဒီလိုသတင်းတွေက အမြဲရှိနေမှာပါ။ ဇန်နဝါရီလ နီးလာတော့ ဒီလိုအသံတွေ ထပ်များလာမှာပါ။ ဒါပေမယ့် အပြင်ကအသံတွေကို အာရုံမစိုက်ဘူး။ ဒါကို ကျွန်တော် ကောင်းကောင်းကိုင်တွယ်နေပြီး အဲ့ဒီအတိုင်းဆက်လက်လုပ်သွားမှာပါ" လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီလ အပြောင်းအရွှေ့တွင် အိုလီဝက်ကင်စ် နှင့် မက်တီတယ်တို့အတွက် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့တာကြောင့် တိုက်စစ်မှူးအသစ်တစ်ဦးကို ဝယ်ယူရန် ဆက်လက်ကြိုးပမ်းမယ်လို့ မျှော်လင့်ရပါတယ်။ ဆာကာ နှင့် ဂျီးဆပ်တို့ ပြင်းထန်တဲ့ ဒဏ်ရာများ ရရှိခဲ့ပြီးနောက် အာတီတာဟာ တိုက်စစ်ကဏ္ဍကို အားဖြည့်ရန် စိတ်ဝင်စားခဲ့ပြီး ကာရာဘောင်ဖလားတွင် နယူးကာဆယ်ကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရတဲ့ပွဲမှာ မာတင်နယ်လီကလည်း ဒဏ်ရာရခဲ့တဲ့အတွက် နောက်ထပ်အခက်အခဲတစ်ရပ် ကြုံတွေ့ခဲ့ရပါတယ်။

အာတီတာက မာတင်နယ်လီဟာ ပေါင်ကြွက်သား ဒဏ်ရာရရှိကြောင်း အတည်ပြုခဲ့သော်လည်း ဒဏ်ရာရဲ့ ပြင်းထန်မှုကို မသိရသေးပါဘူး။ "သူ တစ်ခုခုခံစားရပါတယ်၊ ပေါင်ကြွက်သား ဒဏ်ရာဖြစ်မယ်လို့ ထင်ပါတယ်။ သူ ဆက်ကစားဖို့ သက်တောင့်သက်သာ မရှိပါဘူး။ ဒါကြောင့် မနက်ဖြန်မှာ MRI ရိုက်ပြီး ဒဏ်ရာရဲ့ ပြင်းထန်မှုကို စစ်ဆေးရမှာပါ" လို့ နည်းပြက ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမည့် စနေနေ့ အမ်မရိတ်တွင် အခက်အခဲကြုံနေရတဲ့ လက်စတာကို ဧည့်ခံကစားမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် အာဆင်နယ်ဟာ အနိုင်ရရန် ကြိုးစားမှာဖြစ်ပြီး လက်ကျန်တစ်ပွဲရှိနေတဲ့ လီဗာပူးက အာဆင်နယ်ထက် ၆ မှတ် အသာရရှိထားပါတယ်။