The network connection is lost.

Banner Image

ဘရိုက်တန်နဲ့ပွဲက ယူနိုက်တက်စတားတစ်ဦးရဲ့စွမ်းဆောင်ရည်ကို အာမိုရင် ချီးကျူး

စနေနေ့ညက ဘရိုက်တန်ကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘွီမိုရဲ့ခြေစွမ်းကို ယူနိုက်တက်နည်းပြ အာမိုရင်က ချီးကျူးလိုက်ပါတယ်။ အသက် ၂၆ နှစ်သားဟာ ယူနိုက်တက်အသင်းရဲ့တတိယမြောက်ဂိုး နဲ့ စတုတ္ထမြောက်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး ၃ ပွဲဆက်နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကနေပြောင်းလာပြီးနောက် အမ်ဘွီမိုဟာ ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဘန်လေကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံးလိဂ်ဂိုးသွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲမှာလည်း အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အခုဘရိုက်တန်နဲ့ပွဲမှာလည်း ယူနိုက်တက်အတွက် နောက်ထပ် ၂ ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း အာမိုရင်က အမ်ဘွီမိုနဲ့ပတ်သက်ပြီး “သူက အလုပ်လုပ်တဲ့စက်နဲ့ဆင်တူပါတယ်။ သူက အလှည့်အပြောင်းတွေမှာ အရမ်းကောင်းသလို ပြိုင်ဘက်ဧရိယာထဲမှာ အဆုံးသတ်တာလည်း ကောင်းလာပါတယ်။

အာမက်နဲ့လည်း ချိတ်ဆက်မှုရှိလာသလို သူတို့ ၂ ဦးကိုအနိုင်ယူဖို့ဆိုတာ ခက်ခဲလာပါပြီ။ ဘာလို့လဲဆိုတော့ ၂ ယောက်စလုံးက နေရာပြောင်းကစားသလို  အရမ်းလျင်မြန်တာကြောင့်ပါ။ ကျွန်တော်ကနည်းပြတစ်ဦးအနေနဲ့ သူ့ဆီကနေ လိုချင်တာကိုရှင်းပြပါတယ်။ ဒါပေမယ့် အဲ့တာက အသင်းထက်ပိုပါတယ်။ ကျွန်တော်တို့အများကြီးရုန်းကန်ရနိုင်ပေမယ့် ယူနိုက်တက်ဖြစ်နေတာကြောင့်ပါ။ ဒီကစားသမားမျိုးက အသင်းမှာကစားချင်တဲ့သူပါ။ ဘယ်နေရာပဲကစားရကစားရ ၊ ချန်ပီယံလိဂ်မကစားရတာတောင် အသင်းအတွက် အများကြီးပေးဆပ်ကစားတဲ့သူပါ”လို့ ဖြေကြားခဲ့ပါတယ်။

အမ်ဘွီမိုဟာ လီဗာပူး နဲ့ ဘရိုက်တန်တို့ကိုအနိုင်ရရှိခဲ့တဲ့ပွဲတွေမှာ အဓိကဟီးရိုးဖြစ်ခဲ့ပြီး အသင်းကိုလည်း ၃ ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ “ခင်ဗျားအနေနဲ့ ဥရောပပြိုင်ပွဲမကန်ရတာကို ထောက်ပြနိုင်ပါတယ်။ မှန်ပါတယ်။ ရလဒ်တွေက အခုခင်ဗျားခံစားနိုင်ပါပြီ။ ဒါပေမယ့် အသင်းအနေနဲ့ ရာသီအစတုန်းကထက် ပိုကောင်းလာပါတယ်။ မနှစ်ကရာသီနဲ့ယှဉ်ရင်လည်း ပိုကောင်းလာပါတယ်။ ကျွန်တော်တို့မှာ မတူညီတဲ့ကစားသမားတွေရှိနေပါတယ်။ ဒီကစားဟန်နဲ့ပိုအဆင်ပြေမယ့်သူတွေရှိပါတယ်။ ဒါပေမယ့် အဲ့တာက ကြီးမားတဲ့ခြားနားမှုပါ။

အသင်းတိုင်းက ဒီလိဂ်အပြင် ဥရောပပြိုင်ပွဲတွေပါ ကစားရပါတယ်။ အဲ့တာက အများကြီးခက်ခဲပါတယ်။ မနှစ်ကတုန်းက ကျွန်တော်တို့ခံစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်မနှစ်ကပြောခဲ့သလို တူညီတဲ့အရာကိုပဲပြောပါမယ်။ တစ်ပတ်ကို ၁ ပွဲပဲကန်ရမှာဖြစ်တာကြောင့် အဲ့တာကနေ အကျိုးဖြစ်ထွန်းအောင်လုပ်ရပါမယ်”လို့ အာမိုရင်က ဥရောပပွဲမကစားရတဲ့အပေါ် ဖြေကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ နော်တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် နိုဝင်ဘာ ၈ ရက်နေ့မှာ တော့တင်ဟမ်နဲ့ အဝေးကွင်းပွဲဆက်လက်ဆင်နွှဲရမှာဖြစ်ပါတယ်။