မက်ဆီက ဘာကြောင့် GOAT တစ်ဦးဖြစ်တယ်ဆိုတာ ရှင်းပြလိုက်တဲ့ အလက်ဇန်းဒါးအာနိုးလ်
လီဗာပူးကြယ်ပွင့် အာနိုးလ်က လီယွန်နယ်မက်ဆီဟာ ဘာကြောင့် GOAT ဖြစ်ရတာလဲဆိုတာကို ရှင်းပြခဲ့ပြီး သူနဲ့တွဲကစားခဲ့ဖူးသမျှ အကောင်းဆုံးကစားသမားကို နာမည်ကို ပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားတစ်ချို့နဲ့အတူတူ ကစားခဲ့ဖူးတာဖြစ်ပါတယ်။ ကလပ်အဆင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ညာနောက်ခံလူဟာ အာဂျင်တီးနားစူပါစတားမက်ဆီရဲ့ ဘာစီလိုနာမှာရှိစဉ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးတာဖြစ်ပြီး ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရရှိခဲ့သူဟာ ကျန်တဲ့ကစားသမားတွေထက် ဖြတ်ထုတ်ခြင်းခံရတယ်လို့ ယူဆကြတာဖြစ်ပါတယ်။
အလက်ဇန်းဒါးအာနိုးက ထာဝရအကောင်းဆုံးကစားသမားအပေါ် သူ့ရဲ့ထင်မြင်ချက်ကို The Mirror သို့ပြောကြားခဲ့ပါတယ်။ "ဒါက ကျွန်တော့်အတွက် မက်ဆီပဲဖြစ်ရပါမယ်။ ကျွန်တော် ယှဉ်ပြိုင်ကစားဖူးတဲ့ အကောင်းဆုံး ကစားသမားပါ။ မြင်တာထက် ပိုကောင်းတဲ့လူတစ်ယောက်ကို စိတ်ကူးကြည့်ဖို့ ကျွန်တော့်ဦးနှောက်က အဲဒါကို နားမလည်ပါဘူး။ ဘယ်သူကမှ သူ့လောက်ပိုကောင်းအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး"
"ယှဉ်ပြိုင်ကစားခဲ့ဖူးသမျှထဲမှ လီယွန်နယ်မက်ဆီဟာ အကြီးကျယ်ဆုံးပါ။ သူနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ခံစားချက်က တခြားသူနဲ့ မတူပါဘူး။ ဘောလုံးက သူ့အနားမှာ ရှိနေချိန်မှာ မင်းက အမြဲတမ်း အနီရောင်အဆင့် သတိရှိနေရပါတယ်။ တခြားကစားသမားတွေကို ဒီလိုခံစားချက်မျိုးဖြစ်ဖို့က အရမ်းရှားတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ သူပဲဖြစ်ရမယ်လို့ ကျွန်တော်ပြောတာပါ။ ကျွန်တော့်အတွက်ကတော့ ပွဲရဲ့ကဏ္ဍတော်တော်များများမှာ သတ်မှတ်ထားတဲ့အခိုက်အတန့်အတွင်း သူက အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်သလို ဘောလုံးကွင်းထဲမှာ သူလိုချင်တာကို လုပ်နိုင်လုနီးပါးဖြစ်တာကြောင့် သူက အကောင်းဆုံးပါပဲ" လို့ အာနိုးလ်က ပြောပါတယ်။
မာဆေးဆိုက်မှာမွေးဖွားတဲ့ အလက်ဇန်းဒါးအာနိုးက လက်ရှိအန်ဖီးလ်အသင်းဖော် မိုဟာမက်ဆာလက်က သူနဲ့တွဲကစားဖူးတဲ့ထဲမှာ ဘာကြောင့် အကောင်းဆုံးကစားသမားလဲဆိုတာကို ရှင်းပြထားပါတယ်။ "သူစဝင်လာတဲ့ မိနစ်ကနေ ဒီနေ့အထိ သူဟာ တည်ငြိမ်မှုရှိပါတယ်။ အဲ့ဒါကို သူဘယ်တော့မှ မနိမ့်ကျသွားပါဘူး။ သူ့ရဲ့အောင်မြင်တာတွေဟာ မှတ်သားလောက်စရာပါပဲ။ ပြီးတော့ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပွဲအတွက် သူ့ရဲ့ပြင်ဆင်မှုတွေက နေ့စဉ်နေ့တိုင်း သက်သေပြသနိုင်တယ်ဆိုတဲ့ သက်သေတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ သူ့ကိုယ်သူ ပိုကောင်းလာဖို့ တနေ့ထက်တနေ့ တွန်းအားပေးပြီး ကြိုးစားနေပါတယ်" လို့ အာနိုးလ်က ပြောပါတယ်။
မာဆေးဆိုက်ကလပ်အတွက် ၃၄၉ ပွဲကစား ၂၁၁ ဂိုး သွင်းယူပေးထားတဲ့ ဆာလက်ဟာ ယခုအချိန်တွင် လီဗာပူးအသင်းတွင် ကျန်ရှိနေဆဲဖြစ်ပြီး ၂၀၂၄-၂၅ ရာသီတွင် အာနီစလော့ရဲ့လက်အောက်သို့ ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။