The network connection is lost.

Banner Image

လီဗာပူးရဲ့အပြောင်းအရွှေ့စီမံမှုအပိုင်းက လုံး၀ကို လွဲချော်သွားခဲ့တယ်လို့ အသင်းဂန္တဝင်ဂျွန်အဲဒရစ်ချ်ဝေဖန်

လီဗာပူးဂန္ထဝင်ဂျွန်အဲဒရစ်ချ်က အသင်းအတွက် ပြဿနာတွေပဲ ဖြစ်စေခဲ့တဲ့ လွဲမှားတဲ့အပြောင်းအရွှေ့ဆုံးဖြတ်ချက်တွေအကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်မှာ နယူးကာဆယ်မှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ရောက်ရှိလာခဲ့တဲ့ အီဆက်ခ်က ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေခဲ့ရလို့ လီဗာပူးနဲ့ ပွဲဦးထွက်ရာသီမှာ ပွဲထွက်ခွင့် နည်းပါးခဲ့ပါတယ်။

ဒါပေမဲ့ အခုလာမယ့်သီတင်းပတ်မှာတော့ ဆွီဒင်ကြယ်ပွင့်အီဆက်ခ် ပြန်လာနိုင်ဖို့ရှိနေပြီး သူနဲ့အတူ နွေရာသီကာလမှာ ခေါ်ယူထားတဲ့ ဖလော်ရီယန်ဝစ်ဇ်၊ အီကီတီတို့ကို အသင်းမှာ ဘယ်လိုနေရာချမလဲဆိုတဲ့ပြဿနာ တစ်ကျော့ပြန် ပေါ်ပေါက်လာပါတယ်။

BOYLE Sports နဲ့အင်တာဗျူးမှာ အဲဒရစ်ချ်က အခုလိုထိပ်တန်းကစားသမားအများကြီးကို တပြိုင်နက်ခေါ်ယူခဲ့မှုကြောင့် လီဗာပူးအတွက် အမှားအယွင်းတစ်ခု ဖြစ်သွားနိုင်ပြီး နေရာချထားဖို့ ခက်ခဲလိမ့်မယ်လို့ ယူဆနေပါတယ်။

"အီဆက်နဲ့ အီကီတီကေးတို့ကို ခေါ်တုန်းကတော့ အီဆက်ခ်က အဓိကကစားသမားဖြစ်ပြီး အီကီတီကီကို အရန်အဖြစ်နဲ့ပဲ တခါတလေပါဝင်လာမယ်လို့ ကျွန်တော်တို့ ယူဆခဲ့ကြပါတယ်။

အခုတော့ လီဗာပူးအတွက် အစီအစဉ်တွေလွဲချော်ကုန်ပြီး ပိုခက်ခဲသွားစေပါတယ်။ နည်းပြတစ်ဦးအတွက် သူတို့အားလုံးကို ဘယ်လိုပေါင်းစပ်သုံးမလဲ၊ ဒါမှမဟုတ် တစ်ဦးနဲ့တစ်ဦးအကြား အလှည့်ကျ ဘယ်လိုအနားပေးမလဲဆိုတာကို နည်းလမ်းရှာရပါလိမ့်မယ်။

နည်းပြဆလော့အတွက် ဖလော်ရီယန်ဝစ်ဇ်ကို ညာတောင်ပံမှာထားပြီး အီကီတီကီကို အီဆက်ခ်နောက်မှာ ထားမလား? ဒါမှမဟုတ် အီကီတီကီကို ဘယ်တောင်ပံမှာထားပြီး ဖလော်ရီယန်ဝစ်ဇ်ကို အီဆက်ခ်ရဲ့နောက်မှာ ထားမလား? အီဆက်ခ်ပြန်လာမယ့် ဒီနှစ်ထဲမှာတော့ သူ ဒါကို လုပ်ဖို့မရှိသေးပါဘူး။ ဒါပေမဲ့ ရာသီကြိုကာလမှာတော့ ရွေးချယ်စရာ နည်းလမ်းတွေကို စဉ်းစားရပါတော့မယ်။ အကောင်းဆုံးကစားသမားတွေကို ထည့်သုံးရမှာဖြစ်လို့ သေချာပေါက် စဉ်းစားရမယ့် အချက်ပါပဲ" လို့ ၎င်းက ဆိုပါတယ်။

အီဆက်ခ်က အခုသီတင်းပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ရှိနေပြီး မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ အရန်ခုံမှတဆင့် ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။

နည်းပြအန်းစလော့အတွက်တော့ ရာသီကုန်ဆုံးဖို့နီးကပ်လာချိန် ထိပ်တန်းကစားသမားအားလုံးနီးပါး ကြံ့ခိုင်မှုပြည့်၀နေလို့ ဘယ်သူ့ကို သုံးစွဲရမလဲဆိုတာ ခေါင်းခဲစရာ ဖြစ်နေပါလိမ့်မယ်။