နော်တင်ဟမ်ဖောရက်စ်ကို ဂိုးပြတ်ရှုံးပြီး ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက် ဝေဝါးသွားတဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၁ - ၃ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)
ချဲလ်ဆီးအသင်းဟာ ယနေ့ညပွဲစဉ်အတွင်း အခြေအနေအတော်လေးဆိုးရွားခဲ့ပြီး တစ်သင်းလုံးနီးပါး လူအပြောင်းအလဲလုပ်ထားတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။
ဂါနာချို၊ နက်တိုတို့မပါဝင်တဲ့ ချဲလ်ဆီးတိုက်စစ်မှာ ပယ်လ်မာကလည်း သုံးမရဘဲ ပင်နယ်တီပါလွဲခဲ့ပေမဲ့ ဂျာအိုပက်ဒရိုကတော့ ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ကာလရှည် ဂိုးပေါက်ပျောက်မှုကိုရပ်တန့်ပြီး နှစ်သိမ့်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ရာသီကုန်ခါနီးမှ ခြေတက်နေတဲ့ ဖောရက်စ်ကတော့ အဝေးကွင်းမှာ အဖိုးတန် အနိုင်သုံးမှတ်ရယူကာ ပရီးမီးယားလိဂ်မှာဆက်ရှိဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။