The network connection is lost.

Banner Image

အခုဘောလုံးရာသီတလျှောက်လုံး VAR ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေတဲ့ အန်းစလော့

ဆက်စ်ကိုရဲ့အငြင်းပွားဖွယ်ဂိုးနဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြအန်းစလော့က VAR ကို အခုဘောလုံးရာသီတလျှောက်လုံး၊ သူတို့အသင်းရဲ့ဆန့်ကျင်ဘက်မှာသာ အမြဲတမ်းရပ်တည်ခဲ့တယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်က လီဗာပူးကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဆက်စ်ကိုကိုယ်တိုင်လည်း အသင်းအတွက် ဒီရာသီ၊ သူ့ရဲ့ ၁၁ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီဂိုးအတွက် ဂိုးမဝင်ခင် ဘောလုံးက ဆက်စ်ကိုရဲ့လက်နဲ့ အနည်းငယ်ထိသွားခဲ့တယ်လို့ ယူဆရလို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် အန်းစလော့က ဒီဖြစ်ရပ်ကို အခုဘောလုံးရာသီ၊ သူတို့အသင်းအပေါ် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားတွေအနက် တစ်ခုသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဆက်စ်ကိုရဲ့ လက်နဲ့ထိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံးပျံဝဲနေတဲ့လမ်းကြောင်း ပြောင်းသွားတယ်ဆိုရင် ဒါ တစ်ခုခုနဲ့ထိလို့ပါပဲ။ အဲဒီလိုထိခဲ့တယ်ဆိုရင် ဒါကို ဂိုးအဖြစ်သတ်မှတ်ဖို့ လုံလောက်ရဲ့လားဆိုတာ ကျွန်တော်တို့ ငြင်းခုန်ရပါလိမ့်မယ်"

ဒီရာသီမှာ VAR ကြားဝင်ဆုံးဖြတ်ပြီဆိုရင် ကျွန်တော်တို့အသင်းဘက် မပါဘူးဆိုတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ ဘောလုံးရာသီတစ်လျှောက်လုံး ဒီလိုပဲ ဖြစ်နေတာပါ" လို့ သူက ဆိုပါတယ်။

"ပီအက်စ်ဂျီနဲ့အဝေးကွင်းပွဲစဉ်မှာ မက်အယ်လစ္စတာ အနည်းငယ်ထိသွားလို့ ပင်နယ်တီရခဲ့ပေမဲ့ VAR ကြားဝင်ပြီး ပင်နယ်တီမပေးခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်" လို့ နယ်သာလန်သားနည်းပြက ရှင်းပြပါတယ်။ 

"နောက်သီတင်းပတ်မှာကျတော့ ပီအက်စ်ဂျီက ပင်နယ်တီ ရပြန်ပါတယ်။ အခုတစ်ခါမှာလည်း ယူနိုက်တက်ကစားသမား ကွင်းပြင်ပမှာ ဒဏ်ရာရနေတာတောင် ဒိုင်လူကြီးက ပွဲကို ရပ်တန့်ပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်၊ ကျွန်တော်တို့ဂိုးသမား ကွင်းထဲမှာလဲကျပြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေချိန်မှာတော့ ပွဲကို ဆက်ကစားခိုင်းခဲ့ပါတယ်" လို့ အန်းစလော့က ထောက်ပြပြောဆိုသွားခဲ့ပါတယ်။