The network connection is lost.

Banner Image

ဘရာဟင်ဒီယက်ဇ်ကိုခေါ်ယူဖို့ ကမ်းလှမ်းလိုက်တဲ့ တော့တင်ဟမ်

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ တော့တင်ဟမ်အသင်းက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘရာဟင်ဒီယက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

တော့တင်ဟမ်က လတ်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုသာကျန်ရှိချိန် တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေကတော့ တန်းမဆင်းရဘဲ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေမယ့်အခြေအနေအပေါ် မူတည်ပြီး နွေရာသီအပြောင်းအရွှေ့အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်နေပါတယ်။

စပိန်အခြေစိုက် Fichajes သတင်းဌာနရဲ့ဖော်ပြချက်အရ တော့တင်ဟမ်က ဘရာဟင်ဒီယက်ဇ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းဆီ ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ဒီယက်ဇ်က ရီးရဲလ်မက်ဒရစ်မှာ အရန်ကစားသမားအဖြစ်သာ ရှိနေပြီး ဒီရာသီလာလီဂါပွဲစဉ်တွေအနက် ၉ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်အသင်းကလည်း သူတို့ကိုယ်တိုင် ပြန်လည်ဝယ်ယူချင်တဲ့ ကစားသမားတွေအတွက် အသုံးစရိတ်ရှာဖွေမှုအဖြစ် ဒီနွေရာသီမှာ ဒီယက်ဇ်ကို ရောင်းထုတ်ဖို့ လမ်းဖွင့်ထားတယ်လို့လည်း သိရပါတယ်။