The network connection is lost.

Banner Image

စွမ်းဆောင်ရည်ပိုင်းအရ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရေမှတ်ရောက်နေတဲ့ လီဗာပူး

လီဗာပူး ၁-၁ တော့တင်ဟမ် (ပွဲပြီးရလဒ်)

အိမ်ရှင်ပရိသတ်ရှေ့မှောက် တစ်ပွဲလုံးနီးပါး တစ်ဂိုးအသာဖြင့် ဦးဆောင်ကစားနိုင်ခဲ့သလို အခွင့်အရေးကောင်းတွေ အကြိမ်ကြိမ်ရရှိပေမယ့် အသုံးမချနိုင်ခဲ့တဲ့ လီဗာပူးအသင်းအတွက် စိတ်ပျက်စရာပွဲပြီးရလဒ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို ပွဲချိန်အစောပိုင်းမှာ ဆိုဘိုဆလိုင်းက ပြစ်ဒဏ်ဘောမှတဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ဧည့်သည်တွေအတွက် ချေပဂိုးကိုတော့  သာမန်ပွဲကစားချိန်ပြီးဆုံးချိန် ပွဲချိန်နှောင်းပိုင်းမှာ ရစ်ချာလီဆန်က သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မျှော်လင့်ထားတဲ့ အန်းစလော့ရဲ့အသင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာခဲ့သလို တစ်ဖက်မှာလည်း တန်းမဆင်းရရေးရုန်းကန်နေတဲ့ တော့တင်ဟမ်အတွက် အားဆေးတစ်ခွက် ဖြစ်လာခဲ့ပါတယ်။