အက်စတွန်ဗီလာကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားတဲ့ ယူနိုက်တက်
ယူနိုက်တက် ၃ - ၁ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ခြေစွမ်းပိုင်းအားရစရာမရှိခဲ့ပေမဲ့ ဒုတိယပိုင်း တိုက်စစ်ဖွင့်ကစားမှုနဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။
ဒီနေ့အတွက် ချီးကျူးရမှာကတော့ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖြစ်ပြီး အရေးပါတဲ့သွင်းဂိုးနှစ်ဂိုးကို ဖန်တီးပေးသွားခဲ့ပါတယ်။
အက်စတွန်ဗီလာကတော့ ပရီးမီးယားလိဂ်မှာ နာလန်မထူနိုင်အောင်ဖြစ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ အသည်းအသန်ရုန်းကန်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။