The network connection is lost.

Banner Image

ဟာလန်းရဲ့နောက်ကျပယ်နယ်တီသွင်းဂိုးနဲ့အတူ အန်ဖီးလ်မှာ အနိုင်ရရှိခဲ့တဲ့ မန်စီးတီး

လီဗာပူး ၁-၂ မန်စီးတီး (ပွဲပြီးရလဒ်)

ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကြီးနှစ်ခုရဲ့ အန်ဖီးလ်ကွင်းရင်ဆိုင်တိုက်ပွဲက အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန်နှောင်းပိုင်းမှာ ဆိုဘိုဆလိုင်းက လှပတဲ့ဖရီးကစ်ကန်ချက်ဖြင့် သွင်းယူခဲ့ပြီး မန်စီးတီးရဲ့ချေပဂိုးကိုတော့ ဘာနာဒိုဆေးလ်ဗားက သွင်းယူပေးခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ လီဗာပူးဂိုးသမားအလီဆင်ရဲ့အမှားမှတဆင့် မန်စီးတီးတို့ ပယ်နယ်တီရရှိခဲ့ပြီး ဒီပယ်နယ်တီကို ဟာလန်းက အဖိုးတန်အနိုင်ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်ကို ခြောက်မှတ်အကွာဖြင့် အနီးစပ်ဆုံးဖိအားပေးနိုင်ခဲ့ပြီး လီဗာပူးရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမျှော်လင့်ချက်ကတာ့ အတော်လေးထိခိုက်သွားခဲ့ပါတယ်။