The network connection is lost.

Banner Image

လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေသေးတဲ့ ကိုနာတေးကို ရီးရဲလ်မက်ဒရစ် ပြန်လည်စိတ်ဝင်စားလာ

လီဗာပူးဗဟိုခံစစ်မှူးကိုနာတေးကို စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်အဖြစ် တစ်ကျော့ပြန်မြင်တွေ့လာရတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိကိုနာတေးနဲ့လီဗာပူးအသင်းအကြား စာချုပ်သက်တမ်းက ယခုဘောလုံးရာသီပြီးဆုံးချိန် သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး စာချုပ်သစ်ချုပ်ဆိုရန် အလားအလာအလွန်နည်းပါးနေပါတယ်။

ကိုနာတေးက လီဗာပူးအသင်းနောက်ဆုံးကမ်းလှမ်းထားတဲ့စာချုပ်သစ်ကို ငြင်းပယ်ထားပြီး လက်ရှိအခြေအနေအရ ရာသီကုန်မှာ အန်ဖီးလ်ကွင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်က ကိုနာတေးကို ယခင်ကတည်းက စိတ်ဝင်စားခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အခြားပစ်မှတ်တွေကိုသာ အာရုံစိုက်ခဲ့လို့ ပြင်သစ်နောက်ခံလူအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ သတင်းထောက် မက်တီယိုမော်ရက်တိုရဲ့အဆိုအရ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးဗဟိုခံစစ်မှူးကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်တို့ ပြန်လည်စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။