The network connection is lost.

Banner Image

ရှုံးပွဲအတွက် နည်းပြအက်ဒီဟိုဝီကိုအပြစ်မတင်ကြဖို့ ထရစ်ပီယာတိုက်တွန်း

နယူးကာဆယ်ဝါရင့်နောက်ခံလူထရစ်ပီယာက ယမန်နေ့ညပိုင်း၊ ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် နည်းပြအက်ဒီဟိုဝီကို အပြစ်မတင်ကြဖု့နဲ့ ကစားသမားတွေသာ ဒီပြစ်တင်ဝေဖန်မှုကို ခံယူသင့်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲစဉ်အတွင်း အိမ်ရှင်တွေက ၂-၃ ဂိုးဆိုတဲ့၇လဒ်ဖြင့် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ်ပြီးဆုံးချိန် အိမ်ကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်ကန့်ကွက်မှု ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။

ဒီပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန့် ထရစ်ပီယာက "ဒါ နည်းပြနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ကစားသမားတွေက ကိုယ့်ရဲ စွမ်းဆောင်ရည်အပေါ် တာဝန်ယူဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ နည်းပြအပေါ်အပြစ်တင်မယ့်လမ်းစဉ်ကို ဘယ်တော့မှ လျှောက်လှမ်းမှာမဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကစားသမားတွေကိုယ်တိုင် အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့လိုအပ်ပြီး နည်းပြနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။

"အခုအချိန်မှာ ကျွန်တော်တို့ ပြန်လည်စုစည်းရပါမယ်။ အကောင်းဆုံးခြေစွမ်းတွေပြသပြီး ကိုယ့်အတွက်ရော၊ ပရိသတ်တွေ၊ ကလပ်အသင်းနဲ့ အဓိကအားဖြင့် နည်းပြအတွက်ပါ နိုင်ပွဲတွေ ပြန်လည်ရှာဖွေပေးရမှာဖြစ်ပါတယ်" လို့ ထရစ်ပီယာက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

လတ်တလောအသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အိမ်ကွင်းပေးဂိုးများပြားနေမှုကို အဓိကအခက်အခဲတစ်ရပ်အဖြစ် သူက ဝန်ခံခဲ့ပါတယ်။

"ရှေ့သီတင်းပတ်မှာ ပွဲကြီးပွဲကောင်းရှိနေလို့ ဒီရှုံးပွဲကို ကျော်ဖြတ်နိုင်ရပါမယ်။ ဒါပေမဲ့ လက်ခံပေးဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဦးဆောင်ဂိုးတွေရရှိထားတဲ့ပွဲစဉ်တိုင်း ပြိုင်ဘက်အပေါ် ပိုပြီးဖိအားပေးနိုင်ဖို့နဲ့ အခြေအနေကိုထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းအနေနဲ့ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားဖြစ်တယ်လို့လည်း ထရစ်ပီယာက ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။