The network connection is lost.

Banner Image

ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာသို့ ယာယီတက်လှမ်းလာတဲ့ ချဲလ်ဆီး

ခရစ္စတယ်ပဲလေ့စ် ၁-၃ ချဲလ်ဆီး (ပွဲပြီးရလဒ်)
အက်စတီဗာအို ၃၄'
ပက်ဒရို ၅၀'
ဖာနန်ဒက်ဇ် ၆၄' (ပင်)
ရစ်ချက် ၈၈'


ပထမပိုင်းမှာ အက်စ်တီဗာအိုရဲ့ဂိုးနဲ့ ပဲလေ့စ်ကို ဦးဆောင်ထားခဲ့တဲ့ ချဲလ်ဆီးအနေနဲ့ ဒုတိယပိုင်းမှာလည်း တိုက်စစ်မှူး ဂျာအိုပက်ဒရိုရဲ့ ကြိုးစားအားထုတ်မှုမှ ၂ ဂိုးထပ်ရခဲ့လို့ ပွဲကို သက်တောင့်သက်သာပဲ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ပဲလေ့စ်အနေနဲ့ ချေပဂိုးရဖို့ ထိုးဖောက်မှုတွေပြန်လည်ပြုလုပ်ခဲ့ပေမယ့် အဒမ်ဟွာတန်တစ်ယောက် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံလိုက်ရလို့ ဘယ်လိုမှမတတ်နိုင်တော့ဘဲ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနောက်ခံလူ ချာလိုဘာ ဂိုးဧရိယာထဲမှာ လက်ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လျစ်လျူရှုခဲ့လို့ ပဲလေ့စ်တို့ နစ်နာခဲ့ရပါတယ်။ ပဲလေ့စ်အတွက် နှစ်သိမ့်ချေပဂိုးကိုတော့ ပွဲပြီးကာနီးမှာ ရစ်ချက်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးကတော့ အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာသို့ ယာယီတက်လှမ်းလာနိုင်ခဲ့ပါတယ်။