The network connection is lost.

Banner Image

မန်စီးတီးအင်္ကျီကိုဝတ်ဆင်ခွင့်ရတာ ဂုဏ်ယူစရာဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ဂူဟီ

ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခရစ္စတယ်ပဲလေ့စ်မှ မန်ချက်စတာစီးတီးသို့ စတင်ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ မာ့ခ်ဂူဟီက သူ့အနေနဲ့ မန်စီးတီးအင်္ကျီကို ဝတ်ဆင်ခွင့်ရဖို့ ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ဂူဟီကိုခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီကတည်းက ကြိုးစားနေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့အမိအရခေါ်ယူနိုင်ခဲ့ကာ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ဂူဟီက "ပထမဆုံးအနေနဲ့ပြောချင်တာက ဒီလိုအသင်းကြီးမှာ လာကစားခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော်က အမြဲတမ်း တိုးတက်ချင်စိတ်ရှိသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်လာဖို့ ကြိုးစားနေသူပါ။ ဒါကြောင့် မန်စီးတီးလိုအသင်းက ကျွန်တော့်အတွက် အသင့်တော်ဆုံးနေရာပါပဲ"

"ဒီကလပ်ရဲ့ ပရိသတ်တွေရဲ့အကြောင်းကို ကျွန်တော်အများကြီးကြားဖူးပါတယ်။ ကစားသမားတွေရဲ့အရည်အချင်းက သက်သေပြစရာမလိုအောင် ကောင်းမွန်သလို၊ နည်းပြကလည်း အံ့ဩစရာပါ။ ဒါက ကျွန်တော်ပိုတိုးတက်လာဖို့အတွက် ပြီးပြည့်စုံတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်မှာသေချာပါတယ်။ ဒီက အသင်းဖော်တိုင်းကို ကူညီနိုင်ဖို့ ကျွန်တော့်မှာရှိတဲ့အရည်အချင်းတွေအားလုံးကို အသုံးပြုသွားပါမယ်"

"မန်စီးတီးက အမြဲတမ်း ရှေ့ဆက်တိုးတက်ဖို့ကြိုးစားနေတဲ့အချက်က တကယ်ကို အားရစရာကောင်းပါတယ်။ ကျွန်တော်ကတော့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကူညီသွားမှာဖြစ်ပြီး ကလပ်အနေနဲ့ ဘယ်လောက်အထိ ဆက်လက်တိုးတက်လာဦးမလဲဆိုတာ မြင်တွေ့ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုဒိုဂလင့်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂူဟီတစ်ယောက် အဆိုပါပွဲစဉ်မှာ စတင်ပါဝင်ခွင့်ရမလား စောင့်ကြည့်သွားရပါမယ်။