ဒေါ့မွန်ဆီ အငှားချထားတဲ့ အန်ဆယ်မီနိုကို ပြန်ခေါ်ယူရန် ချဲလ်ဆီးစဉ်းစားလာ
ချဲလ်ဆီးအငှားကစားသမားအန်ဆယ်မီနိုက ဒေါ့မွန်အတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်ကို ကစားပြီးသွားပြီလို့ ယူဆရပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးက အသက်-၂၀ နှစ်အရွယ်ဗဟိုခံစစ်မှူးကို အငှားစာချုပ်သက်တမ်းမပြည့်မြောက်ခင် လန်ဒန်ဆီပြန်ခေါ်ယူဖို့ ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ ဒေါ့မွန်ဆီ အငှားဖြင့်ရောက်ရှိလာပြီးနောက် အန်ဆယ်မီနိုက ပြိုင်ပွဲစုံ ၁၀ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ ယူနီယံဘာလင်ကို ဒေါ့မွန်တို့ ၃-ဝဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာလည်း အန်ဆယ်မီနိုက ၂၂ မိနစ် ပါဝင်ကစားခဲ့ပါတယ်။