The network connection is lost.

Banner Image

ဝုဗ်ကိုအနိုင်ရခဲ့ပေမဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားတဲ့ ပက်ဂွါဒီယိုလာ

မနေ့ညက မန်စီးတီးအသင်းက ဝုဗ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် နည်းပြပက်ဂွါဒီယိုလာက ပယ်နယ်တီပေးရန် ငြင်းပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အများသိအောင် ရှင်းလင်းချက်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကာ မကျေနပ်ချက်တွေ အများကြီးရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အိုမာမာမွတ်ရှ် နဲ့ အန်တွန်နီဆီမန်ညိုတို့ရဲ့ အစောပိုင်းသွင်းဂိုးတွေကြောင့် အာဆင်နယ်နဲ့ အမှတ်ကွာဟချက်ကို လေးမှတ်အထိ လျှော့ချနိုင်ခဲ့ပေမယ့် ဂွါဒီယိုလာရဲ့ ပွဲအပြီး အာရုံစိုက်မှုကတော့ ဒိုင်တွေပေါ်မှာပဲ အပြည့်ရှိနေခဲ့တာပါ။
ဒီပြဿနာက မန်စီးတီးအသင်း ၁-ဝဂိုးနဲ့ ဦးဆောင်နေချိန် ပထမပိုင်းမှာ စတင်ခဲ့တာပါ။ 
ဝုဗ်ခံစစ်ကစားသမား မော့စ်ကွီယာဟာ ပယ်နယ်တီဧရိယာထဲမှာ ဘောလုံးကို ဖျက်ထုတ်ရာမှာ သူ့လက်နဲ့ ထိမိခဲ့တာ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ 
ပရီးမီးယားလိဂ်မှာ စတင်ကိုင်တွယ်ခွင့်ရခဲ့တဲ့ ကွင်းလယ်ဒိုင် ဖာရိုင်ဟဲလမ်ကတော့ ဆက်ကစားခွင့်ပေးလိုက်ပြီး VARကနေ ကွင်းလယ်ဒိုင် စောင့်ကြည့်ရေးမော်နီတာမှာ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပေမယ့် သူက မို့စ်ကေရာရဲ့ လက်ဟာ “ပုံမှန်အနေအထား” မှာ ရှိနေတယ်လို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့မူလဆုံးဖြတ်ချက်ကိုပဲ အတည်ပြုခဲ့တာပါ။
ဂွါဒီယိုလာက “ဟောင်းဝပ်ဝက်ဘ်က ဒါဟာ ဘာကြောင့် ပယ်နယ်တီ မဟုတ်ရတာလဲ၊ ပြီးတော့ သူတို့က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ရှင်းပြဖို့ မီဒီယာတွေရှေ့မှာ ပေါ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါက သူတို့ ပထမဆုံးအကြိမ်လုပ်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အခြေအနေက နည်းနည်းသံသယဖြစ်စရာရှိခဲ့တယ်။ ဒါကြောင့် ဒိုကူက ဒါလော့ရဲ့ လုပ်ရပ်ကြောင့် နော်ဝေမှာ မကစားနိုင်ခဲ့တာပါ။
ကျွန်တော် စောင့်နေပါတယ်။ ဟောင်းဝပ်ဝက်ဘ် မနက်ဖြန်လာပြီး ဘာလို့ ပင်နယ်တီမဖြစ်ရတာလဲဆိုတာ ရှင်းပြပါ။ ကျွန်တော်တို့ ပထမဆုံးနေ့ကတည်းက လုပ်ခဲ့သလို တိုက်ခိုက်နိုင်ဖို့ (ဒဏ်ရာရနေတဲ့) ကစားသမားတွေကို ပြန်ခေါ်ပေးပါဗျာ"” လို့ ပြောကြားခဲ့ပါတယ်။ 
သူ့ရဲ့ ဒဏ်ရာပြင်းထန်နေတဲ့ အသင်းအတွက် အခက်အခဲဖြစ်စေတဲ့ အကြောင်းအရာတွေထဲမှာ ဒီဆုံးဖြတ်ချက်က ပါဝင်တယ်လို့ ဂွါဒီယိုလာက ဖော်ပြခဲ့ပြီး “ဒီလိုမျိုးတွေနဲ့ တိုက်ခိုက်နိုင်ဖို့ ကျွန်တော်တို့မှာ ကစားသမားတွေ ရှိရင် ကောင်းမယ်” လို့ ပြောခဲ့ပါတယ်။