The network connection is lost.

Banner Image

၀ုဗ်ကို အနိုင်ယူကာ နှစ်ပွဲဆက်ရှုံးပွဲကို ရပ်တန့်နိုင်ခဲ့တဲ့ မန်စီးတီး

မန်စီးတီး ၂ - ၀ ၀ုဗ် (ပွဲပြီးရလဒ်)

မန်စီးတီးအသင်းဟာ ယနေ့ညပွဲစဉ်မှာ ဟာလန်း၊ ဖိုဒန်၊ ဒိုကူတို့ကို အနားပေးထားခဲ့ပေမဲ့ မာမွတ်ရှ်၊ ဆီမန်ညိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၀ုဗ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။
မန်စီးတီးက ဒီပွဲမှာ အတတ်နိုင်ဆုံးအင်အားခြွေတာကစားခဲ့ပြီး ပထမပိုင်းသွင်းဂိုးနှစ်ဂိုးကြောင့် ဒုတိယပိုင်းမှာ ပွဲကိုထိန်းကစားကာ လိုအပ်နေတဲ့ နိုင်ပွဲရယူသွားနိုင်ခဲ့ပါတယ်။
နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းနဲ့ ရလဒ်ပိုင်းတိုးတက်လာတဲ့ ၀ုဗ်အသင်းကတော့ ဒီနေ့ညပွဲစဉ်မှာ အကောင်းဆုံးကစားခဲ့ပေမဲ့ တိုက်စစ်ပိုင်းအားနည်းမှုနဲ့အတူ မန်စီးတီးခံစစ်ကို ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။