ရိုဂျာစ်ရဲ့ထူးရှယ်ခြေစွမ်းဖြင့် သရဲနီတွေကို အနိုင်ပိုင်းခဲ့တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ၂-၁ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
ဗီလာပတ်ခ်မှာကစားရတဲ့ အခုပွဲစဉ်အတွင်း အက်စတွန်ဗီလာက လူငယ်ကြယ်ပွင့်ရိုဂျာစ်ရဲ့ထူးရှယ်ခြေစွမ်းဖြင့် အဖိုးတန်နိုင်ပွဲတစ်ခုကို ဖော်ဆောင်ခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးနဲ့ အနိုင်ဂိုးကိုလည်း ရိုဂျာစ်က ရရှိလာတဲ့အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချရင်း သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်အတွက် ချေပဂိုးကိုတော့ ကွန်ဟာက ပထမပိုင်းနာကျင်အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်နိုင်ပွဲနဲ့အတူ အူနိုင်းအမ်မရီရဲ့အသင်းက အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့သုံးမှတ်အကွာ၊ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ ဆက်လက်ပါဝင်ဆင်နွှဲနေပါတယ်။