The network connection is lost.

Banner Image

ဇန်နဝါရီမှာ ‌ဘုန်းမောက်စတား ဆီမီညိုကို အမိအရခေါ်ယူဖို့ကြိုးစားလာမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ ပစ်မှတ်ထားနေတဲ့ ဘုန်းမောက်တိုက်စစ်မှူး အန်တိုနီ ဆီမီညို ကို အမိအရခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်ဟာ ဘင်ဂျမင်ဆက်စ်ကို၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ မားသီးယက်စ်ကွန်ညာတို့ကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကိုအကြီးအကျယ် ပြင်ဆင်ခဲ့ပါတယ်။ လောလောဆယ်မှာ အမ်‌ဘွေမိုနဲ့ ကွန်ညာတို့က ခြေစွမ်းပြနေကြပေမယ့် နည်းပြအာမိုရင်အတွက်တော့ ဆီမီညိုကသာ အကောင်းဆုံး ဖြည့်စွက်မှု ဖြစ်လာလိမ့်မယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။

ဆီမီညိုဟာ ဒီရာသီ ဘုန်းမောက်အတွက် ၁၅ ပွဲကစားထားရာမှာ ၇ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးထားပြီး ခြေစွမ်း တောက်လျှောက်ပြနေသူဖြစ်ပါတယ်။ လက်ရှိ ကစားသမားရဲ့ စာချုပ်အရ ပေါင် ၆၅ သန်း ပေး‌ချေနိုင်ပါက ခေါ်ယူနိုင်မှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဇန်နဝါရီမှာပဲ အမိအရခေါ်ယူလိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆီမီညိုကို လာမယ့် နွေရာသီမှာဆိုရင်တော့ ပေါင်သန်း ၅၀ နဲ့ ရနိုင်ပေမယ့် တခြားအသင်းတွေ လုလာနိုင်တာကြောင့် စောစောစီးစီးခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းအတွက်လည်း ကတ်စ်မဲရိုးနေရာမှာအစားထိုးဖို့ ကားလို့စ်ဘာလီဘာနဲ့ အီလီယော့အန်ဒါဆန်တို့ကိုလည်း စောင့်ကြည့်နေတယ်လို့သိရပါတယ်။