The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ပွဲစဉ်အပြီး အီဆက်ခ်ရဲ့နောက်ဆုံးအခြေအနေကို ရှင်းပြလာတဲ့ အန်းစလော့

တော့တင်ဟမ်နဲ့ရင်ဆိုင်ရတဲ့ လီဗာပူးရဲ့အိပ်မက်ဆန်ဆန်ပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားတဲ့ ပေါင် ၁၂၅ သန်းတန် တိုက်စစ်မှူးအီဆက်ခ်ရဲ့နောက်ဆုံးအခြေအနေကို နည်းပြအန်းစလော့က ရှင်းပြသွားခဲ့ပါတယ်။
ကြိုးကြာနီတွေအတွက် အဖွင့်ဂိုးသွင်းယူချိန် ဒဏ်ရာရရှိသွားလို့ ဆွီဒင်လက်ရွေးစင်ကစားသမား ထွက်ခွာသွားရချိန် တော့တင်ဟမ်ဟော့စပါးကွင်းကြီးအတွင်းမှာ စိုးရိမ်စရာမြင်ကွင်းတွေ ရှိလာခဲ့ပါတယ်။
လီဗာပူးက မြောက်လန်ဒန်အရပ်မှာ ကစားသမားကိုးဦးကျန် တော့တင်ဟမ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့် ဒီရလဒ်ပိုင်းအပေါ် စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အတွက် စိုးရိမ်ရမှုတွေက လွှမ်းမိုးသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး BBC နဲ့တွေ့ဆုံချိန် အန်းစလော့က “ ပွဲပြီးပြီးချင်း အီဆက်ခ်ရဲ့ဒဏ်ရာအကြောင်း ပြောပြပေးဖို့ဆိုတာ အတော်လေးခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ဦး အခုလိုမျိုးပုံစံမျိုးနဲ့ ထွက်ခွာသွားရတာ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ကျွန်တော်တို့က ကစားသမား ၁၀ ဦးတည်းနဲ့ ဆက်မကစားချင်လို့ ဖရင်းပေါင်ကို ချက်ချင်းလူစားလဲလှယ်ခဲ့တာပါ။ ဒါကြောင့် ဖရင်းပေါင်ရဲ့ဒဏ်ရာအခြေအနေက အဆင်ပြေပါတယ်။
အခြားနှစ်ဦးဖြစ်တဲ့ အီဆက်ခ်နဲ့ ဘရက်ဒလေတို့ရဲ့ဒဏ်ရာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်။ ကောင်းတဲ့အချက်ကတော့ လာမယ့်ပွဲစဉ်အတွက် ရက်သတ္တပတ်တစ်ပတ်ကြာ အချိန်ရရှိထားလို့ လာမယ့်သီတင်းပတ်မှာ ပွဲကစားပေးနိုင်မယ့်ကစားသမား အလုံအလောက်ရှိနေဖို့ မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး လီဗာပူးနည်းပြက “ ပြီးပြည့်စုံတဲ့အဆင့်အတန်းမျိုးတော့ မဟုတ်ခဲ့ဘူး။ အထူးသဖြင့် ပွဲချိန်နောက်ဆုံး ၁၀ မိနစ်အတွင်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အမှတ်ပြည့်ရရှိခဲ့ပါတယ်။
အခြားသူတွေပြောနေသလို ဆိုးရွားနေတာမျိုးမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့အဆင့်အတန်းမျိုးမှာ မရှိသေးဘူးဆိုတာလည်း မှန်ပါတယ်။ နွေရာသီ၊ အပြောင်းအလဲတွေ ပြုလုပ်ချိန်ကတည်းက အချိန်ယူသွားရမယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်”လို့ ပြောပါတယ်။