ယူနိုက်တက်ရဲ့တောင်းဆိုမှုကြောင့် အခြားအသင်းတွေရဲ့ ကမ်းလှမ်းချက် ၂ ခုကိုပယ်ချခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က သူဟာ အသင်းရဲ့တောင်းဆိုမှုတွေကြောင့် အခြားအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကိုငြင်းပယ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဖာနန်ဒက်စ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့မက်လောက်စရာငွေကြေးပမာဏနဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့ပေမယ့် ငြင်းပယ်ပြီး ယူနိုက်တက်နဲ့ဆက်လက် လက်တွဲဖို့သာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာ ပေါ်တူဂီလက်ရွေးစင်က "ယူနိုက်တက်က ကျွန်တော့်ကို ထွက်သွားစေချင်ခဲ့ပါတယ်။ ဒါက နည်းနည်းတော့နာကျင်ရတာပေါ့။ အရင်တုန်းက ကလပ်အပေါ်မှာသစ္စာရှိကြတဲ့ တော့တီ၊ ဂစ်၊ မာဒီနီတို့လိုကစားသမားတွေကို အားကျခဲ့ပြီး ကျွန်တော်က ယူနိုက်တက်ကို အရမ်းလည်းချစ်မြတ်နိုးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့သစ္စာရှိမှုက အခက်ခဲဆုံး အချိန်ကာလမှာဖြစ်ခဲ့ပြီး ဒီကနေ ၂ ကြိမ်လောက်အထိ ထွက်ခွာမလိုဖြစ်ခဲ့ပါတယ်"
"ကလပ်က ငါတို့မင်းကိုလိုအပ်တယ်လို့ပြောခဲ့ပြီး ကျွန်တော်ကလည်း ခင်ဗျားတို့ကျွန်တော့်ကို တစ်ခုခုပေးခဲ့သလို ကျွန်တော်လည်းပြန်ပေးချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်က ကျွန်တော်လိုချင်တဲ့ပုံစံဖြစ်မနေခဲ့ပါဘူး။ ကျွန်တော်ရသင့်ရထိုက်တဲ့ဆုဖလားတွေ အသင်းမှာမကိုင်မြှောက်နိုင်ခဲ့ပါဘူး'
"ဒါပေမယ့် ကလပ်အတွက် ကျွန်တော်လုပ်ခဲ့တဲ့အရာအားလုံးက အရေးကြီးတယ်လို့ခံစားခဲ့ရပြီး ဒီမှာရခဲ့တဲ့အခွင့်အရေးတွေကလည်း အရမ်းကောင်းခဲ့ပါတယ်။ ဒီဘက်ခေတ်မှာ လူတွေကလည်း ကစားသမားတစ်ယောက် ကောင်းမွန်တယ် ညံ့ဖျင်းတယ်ဆိုတာကို ဆုဖလားတွေနဲ့ဆုံးဖြတ်ကြပါတယ်"
"ကျွန်တော်က ယူနိုက်တက်နဲ့ဆုဖလားတွေရနိုင်တယ်လို့ ယုံကြည်ခဲ့လို့ ဒီမှာဆက်နေခဲ့တာပါ။ ဒါကြောင့် ကမ်းလှမ်းမှုတွေကို ဆက်တိုက်ငြင်းပယ်ပြီး ဒီမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။