The network connection is lost.

Banner Image

ယူနိုက်တက်ကွင်းလယ်လူ မိုင်နူးကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 
ချဲလ်ဆီးအနေနဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး မိုင်နူးကလည်း ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်မရတာကြောင့် အသင်းသစ်သို့ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ 
လက်ရှိချဲလ်ဆီးရဲ့ကွင်းလယ်မှာ မွိုက်စ်ကိုင်စီဒိုနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့က ပွဲစဉ်တိုင်းမှာပါဝင်ကစားနေရပြီး ပွဲပန်းမှုဒဏ်ကိုခံနေရသော်လည်း အခြားကွင်းလယ်လူတွေဖြစ်တဲ့ ရိုမီယိုလာဗီယာနဲ့ ဒါရီယိုအက်စ်ဆူဂိုတို့က ဒဏ်ရာတွေနဲ့ရုန်းကန်နေရတာကြောင့် ကစားသမားမလုံလောက်မှုပြဿနာကိုကြုံတွေ့နေရပါတယ်။ 
နောက်ခံလူ ရီစီဂျိမ်းစ်က ကွင်းလယ်အထိတက်ပြီးကစားပေးနေပေမယ့် ချဲလ်ဆီးအနေနဲ့ ကွင်းလယ်ကစားသမားစစ်ကိုအသုံးပြုလိုတာကြောင့် မိုင်နူးကို ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။ 
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ကွင်းလယ်ကြယ်ပွင့်တွေဖြစ်တဲ့ အီလီယော့အန်ဒါဆန်နဲ့ အဒမ်ဟွာတန်တို့ကိုခေါ်ယူဖို့အတွက်လည်း စိတ်ဝင်စားနေပေမယ့် မိုင်နူးကိုခေါ်ယူဖို့က ပိုမိုလွယ်ကူနိုင်တယ်လို့လည်း ထင်ကြေ‌ပေးမှုတွေရှိနေတာဖြစ်ပါတယ်။ 
ဒါကြောင့်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်မှထွက်ခွာဖို့ကြိုးစားလာမယ့်မိုင်နူးနဲ့ ကွင်းလယ်လူသစ်လိုနေတဲ့ချဲလ်ဆီးတို့အကြား အပြောင်းအရွှေ့ဖြစ်ပေါ်လာမလားစောင့်ကြည့်ရမှာဖြစ်ပြီး မိုင်နူးအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်သို့ရောက်ရှိပါက အသင်းဖော်ဟောင်း အလီဂျန်ဒရိုဂါနာချိုနဲ့လည်း ပြန်လည်ဆုံတွေ့သွားရမှာဖြစ်ပါတယ်။