The network connection is lost.

Banner Image

ဆန်စီရိုမှာ အဖိုးတန်အနိုင်သုံးမှတ်ရှာဖွေနိုင်ခဲ့တဲ့ လီဗာပူး

အင်တာမီလန် ဝ-၁ လီဗာပူး (ပွဲပြီးရလဒ်)

အခုပွဲစဉ်မှာ နှစ်ဖက်အသင်းခံစစ်မှူးတွေရဲ့ပုံစံကောင်းပြသမှုကြောင့် သွင်းဂိုးတွေ အများအပြားမမြင်တွေ့ခဲ့ရပါဘူး။ ပထမပိုင်းပွဲချိန်အတွင်း ကိုနာတေးက လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းယူပေမယ့် ကစားကွက်တည်ဆောက်ချိန် ဘောလုံးကို အီကီတီကီ လက်နဲ့ထိခဲ့လို့ ဒီသွင်းဂိုးကို ခွင့်မပြုပေးခဲ့ပါဘူး။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း နှစ်ဖက်အသင်းကစားသမားတွေ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပေမယ့် အပိုင်ကန်သွင်းခွင့်တွေဖန်တီးနိုင်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ ဧည့်သည်လီဗာပူးတို့ ပယ်နယ်တီရရှိလာပြီး ဆိုဘိုဆလိုင်းက အမှားအယွင်းမရှိအသုံးချကာ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ပရီမီးယားလိဂ်ချန်ပီယံတွေရဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယားရပ်တည်မှုမြင့်မားရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။