လီဗာပူးကွင်းလယ်လူကာတစ်ဂျုံးစ်ကိုခေါ်ယူဖို့ နောက်တစ်ကြိမ်ထပ်မံကြိုးစားသွားမယ့် အင်တာမီလန်
အင်တာမီလန်က လီဗာပူးကွင်းလယ်ကစားသမားကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံကြိုးစားဖို့ စီစဉ်နေပါတယ်။
Il Corriere dello Sport သတင်းဌာနရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ကမ်းလှမ်းဖို့ ကြိုးစားခဲ့ဖူးတဲ့ အင်တာမီလန်က လီဗာပူးကစားသမားအပေါ် စိတ်ဝင်စားမှုကို လုံးဝလက်မလွှတ်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကာတစ်ဂျုံးစ်ကိုခေါ်ယူဖို့အတွက် အီတာလံဘီလူးကြီးရဲ့နောက်တစ်ကြိမ်ထပ်မံကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။
ကာတစ်ဂျုံးစ်နဲ့ လီဗာပူးအကြား စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ် နွေရာသီအထိ ရှိနေပြီး စာချုပ်သက်တမ်းကု်နဆုံးဖို့လည်း မလိုအပ်တော့လို့ လီဗာပူးဘက်မှ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး သင့်တင့်မျှတတဲ့နှုန်းထားပမာဏတစ်ခုအထိ လျှော့ပေါ့စဉ်းစားပေးလာမယ်လို့ အင်တာမီလန်က မျှော်လင့်နေပါတယ်။
အခုဘောလုံးရာသီမှာလည်း ကာတစ်ဂျုံးစ်က လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ၂၄ ပွဲအထိ ပါဝင်ကစားပေးထားပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားပါတယ်။