The network connection is lost.

Banner Image

ဒါဘီနိုင်ပွဲနဲ့အတူ ချန်ပီယံဆုမျှော်လင့်ချက်ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အေစီမီလန်

အေစီမီလန် ၁-၀ အင်တာမီလန် (ပွဲပြီးရလဒ်)

အခုဆန်စီရိုကွင်းပွဲစဉ်မှာ အမှတ်ပေးချန်ပီယံပြေးလမ်းအတွက် အလွန်အရေးပါတဲ့အခိုက်အတန့်ဖြစ်နေလို့ နှစ်ဖက်အသင်းကစားသမားတွေ ရေကုန်ရေခမ်းအကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပါတယ်။ ဒီပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်နာရီဝက်ကျော်မှာ အက်စ်တူပီနန်က အိမ်ရှင်တွေအတွက် သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်အနိုင်သုံးမှတ်အပြည့်ရရှိမှုကြောင့် အေစီမီလန်က အမှတ်ပေးဇယားဦးဆောင်သူ၊ ချန်ပီယံပြေးလမ်းပြိုင်ဘက်အင်တာမီလန်နဲ့ ၁၀ မှတ်ကွာဟနေမှုကို ခုနစ်မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။