နော်တင်ဟမ်ဖောရက်စ်ကို ခက်ခက်ခဲခဲ အနိုင်ယူကာ ဇယားထိပ်ကို ယာယီတက်လှမ်းလာတဲ့ မန်စီးတီး
နော်တင်ဟမ်ဖောရက်စ် ၁ - ၂ မန်စီးတီး (ပွဲပြီးရလဒ်)
မန်စီးတီးအသင်းဟာ City Groundမှာ အကောင်းဆုံးပုံစံမရခဲ့ပေမဲ့ လိုအပ်နေတဲ့ နိုင်ပွဲကိုရယူကာ အမှတ်ပေးဇယားထိပ်ကို ယာယီတက်လှမ်းလာခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်က တောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ ချာကီရဲ့နောက်ကျဂိုးကြောင့် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။
မန်စီးတီးမှာ ဒိုကူမပါဝင်နိုင်တဲ့အခြေအနေမှာ ချာကီ တောက်လျှောက်ခြေစွမ်းပြနေပြီး အသင်းကို ကယ်တင်ပေးနေခဲ့ပါတယ်။