ဖိုဖာနာရဲ့အနီကတ်ကြောင့် ဘန်လေကို အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၁ - ၁ ဘန်လေ (ပွဲပြီးရလဒ်)
ချဲလ်ဆီးအသင်းဟာ ပွဲအစောပိုင်းကတည်းက ပက်ဒရိုရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့ ပယ်လ်မာ၊ နက်တိုတို့ရဲ့ အခွင့်အရေးဖြုန်းတီးပစ်ခဲ့ခြင်းနဲ့အတူ ဖိုဖာနာရဲ့နှစ်ဝါတစ်နီပြစ်ဒဏ်ကြောင့် အိမ်ကွင်းမှာသရေတစ်မှတ်သာရခဲ့ပါတယ်။
ဘန်လေကတော့ တစ်ပွဲလုံး အမှတ်ရအောင်ကြိုးစားယှဉ်ပြိုင်သွားခဲ့ပြီး လူစားဝင်ကစားသမား ဝက်ပရောက်စ်ရဲ့လှပတဲ့ထောင့်ကန်ဘောကနေ ဖလမ်းမင်းစ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အဖိုးတန်သရေတစ်မှတ်ရခဲ့ပါတယ်။