The network connection is lost.

Banner Image

ချဲလ်ဆီးနည်းပြဘဝက လုံခြုံမှုမရှိကြောင်း ရိုဆင်နီယာကို နီဗင်သတိပေး

ချဲလ်ဆီးနဲ့ အဲဗာတန်ကြယ်ပွင့်ဟောင်း ပတ်တ်နီဗင်က ချဲလ်ဆီးအသင်းမှာ ရလဒ်တွေ အတက်အကျဖြစ်နေတဲ့ လီယမ် ရိုဆင်နီယာကို သတိပေးစကား ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ရိုဆင်နီယာရဲ့ ချဲလ်ဆီးအသင်းဟာ ရာသီကုန်ဖို့ ၁၀ ပွဲအလိုမှာ အဆင့် ၆ နေရာကို ရောက်ရှိနေပြီး လီဗာပူးအသင်းနဲ့ ၃ မှတ်၊ မန်ယူနဲ့ အက်စတွန်ဗီလာတို့နဲ့ ၆ မှတ် ကွာဟနေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဆင့် ၅ အတွင်း ဝင်နိုင်ဖို့ မျှော်လင့်နေပြီး လက်ရှိမှာတော့ ပရီမီယံလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။

talkSPORTBET Casino နဲ့ စကားပြောဆိုရာမှာ နီဗင်က ချဲလ်ဆီးဘုတ်အဖွဲ့ဆီကနေ ထုတ်ပယ်ခံရမယ့်အန္တရာယ်ကနေ ဘယ်နည်းပြမှ မကင်းလွတ်နိုင်ဘူးလို့ ရိုဆင်နီယာကို သတိပေးခဲ့တာပါ။

“ချဲလ်ဆီးက ဘယ်သူ့ကိုမဆို ထုတ်ပစ်နိုင်တယ်ဆိုတာကို လောင်းကြေးထပ်ရဲပါတယ်၊ သူတို့ရဲ့ အရင်မှတ်တမ်းတွေကိုပဲ ကြည့်လိုက်ပါ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် မရတာတစ်ခုတည်းနဲ့ ဆိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ချဲလ်ဆီးက ချက်ချင်းဆိုသလို အပြောင်းအလဲလုပ်တတ်ပေမဲ့ အခုတစ်ခေါက်တော့ အဲဒီလို ဖြစ်ချင်မှဖြစ်မှာပါ။ လူတွေက အသင်းတစ်သင်းကို ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ကြတာပါ။ နည်းပြတစ်ယောက်က အသင်းအတွက် တကယ်ပဲ အရေးကြီးသလား၊ ဒါမှမဟုတ် လုပ်ငန်းစဉ်တွေကပဲ ပိုအရေးကြီးသလားဆိုတာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ နည်းပြနဲ့ အသင်းအကြီးအကဲတွေကြား ဆက်ဆံရေး ပျက်ပြားနေပြီလားလို့ မေးရင်တော့ မဟုတ်ဘူးလို့ပဲ ကျွန်တော်မြင်ပါတယ်။ အခုလိုအချိန်မှာ အသင်းကို တာဝန်ယူပြီး အဆင့် ၆ နဲ့ ရာသီသိမ်းခဲ့မယ်ဆိုရင် သူ့ကို ထုတ်ပစ်သင့်သလား၊ ဒါမှမဟုတ် သူတို့က ထုတ်ပစ်မှာလား။ အဲဒီလို မဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်။ အခုကစပြီး ရလဒ်တွေ အဆိုးရွားဆုံး ဖြစ်သွားရင်တော့ တစ်မျိုးပေါ့လေ။ သူ လုံခြုံရဲ့လားဆိုရင်တော့ ဘယ်ချဲလ်ဆီးနည်းပြမှ ဘယ်တော့မှ မလုံခြုံပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရင်တောင် ဒီနွေရာသီမှာ သူ ထုတ်ပယ်ခံရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ အဆင်ပြေမှာပါ။ အသင်းပိုင်ရှင်တွေ လိုချင်တဲ့ ပုံစံနဲ့ သူက ကိုက်ညီမှုရှိတယ်လို့ ထင်ပါတယ်” လို့ နေဗင်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့နဲ့ ဒီရာသီ ပြိုင်ပွဲတွေမှာ အဝေးဆုံးအထိ တက်လှမ်းနိုင်ဖို့ပါ။ ဒါပေမဲ့ ဥရောပဖလားတစ်ခုခု ဒါမှမဟုတ် FA ဖလားကိုပါ လက်လွှတ်လိုက်ရမယ်ဆိုရင်တော့ စိတ်မရှည်တတ်တဲ့ ချဲလ်ဆီးဘုတ်အဖွဲ့က ရိုဆင်နီယာကို အသင်းကနေ ထုတ်ပယ်နိုင်ပါတယ်။