The network connection is lost.

Banner Image

ဘရန်ဖို့ဒ်အတွက် ပါဝင်ကစားရလို့ ကျေနပ်ပျော်ရွှင်နေတယ်လို့ ကာယိုဒီ

ကာယိုဒီက ဘရန့်ဖို့ဒ်အသင်းမှာ ဘောလုံးကစားရခြင်းကို အလွန်နှစ်သက်သဘောကျနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အီတလီ ယူ-၂၁ နောက်ခံလူက ဖီအိုရင်တီးနားအသင်းမှ ဘရန့်ဖို့ဒ်ဆီကို ပြောင်းရွှေ့ရောက်ရှိလာတာ တစ်နှစ်ကျော်ကြာမြင့်နေပါပြီ။

"ဒါက တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ ပွဲတိုင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုက တကယ့်ကို ရူးခါသွားလောက်အောင်ပါပဲ" လို့ အသက် ၂၁ နှစ်အရွယ်ကစားသမားက The Athletic ဆီ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ အဝေးကွင်းသွားကစားတဲ့ပွဲတိုင်းမှာလည်း သူတို့တွေ အမြဲတမ်း လိုက်လာပြီး အားပေးကြတယ်။ အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ မက်ကလက်ဖီးလ်နဲ့ကစားရတဲ့ပွဲမှာဆိုရင်လည်း ပရိသတ်တွေ အများကြီးလာခဲ့ကြပါတယ်။ အဲဒီတုန်းက တနင်္လာညဖြစ်သလို ခရီးလည်းဝေးတော့ ဒီလောက်အများကြီးလာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။

ဒါကြောင့် သူတို့ကို 'ကျေးဇူးတင်ပါတယ်' လို့ ပြောချင်ပါတယ်။ ဘရန့်ဖို့ဒ်ဆိုတာ တကယ့်ကိုထူးခြားတဲ့အသင်းတစ်ခုပါ။ ကျွန်တော် ဒီကိုစရောက်တဲ့ပထမဆုံးအကြိမ်မှာတင် ဒီမှာသုံးလေးနှစ်လောက်နေခဲ့ဖူးသလိုမျိုး ခံစားခဲ့ရပါတယ်။ ကျွန်တော် ဒီကလပ်အသင်းကို ချစ်တယ်၊ ဒီမှာရှိတဲ့ အရာရာတိုင်းကလည်း ကျွန်တော့်အတွက်တော့ အလွန်အဆင်ပြေပါတယ်" လို့ ၎င်းက ဆိုပါတယ်။