ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်ရဲ့ ပေးဂိုးမရှိစံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်နေတဲ့ ဆလားဗီးယားပရာဟာနည်းပြ
ဆလားဗီးယားပရာဟာနည်းပြနည်းပြ ဂျင်ဒရစ်ထရီပီဆိုဗ်စကီက အာဆင်နယ်ကို အိမ်ရှင်အဖြစ် ဧည်ခံကစားရမယ့်  ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်ရဲ့ ပေးဂိုးမရှိ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ချက်ဇ်ပြည်တွင်းလိဂ်ချန်ပီယံအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ တစ်ပွဲမှ အနိုင်ရရှိခြင်း မရှိသေးပါဘူး။ 
နည်းပြ ထရီပီဆိုဗ်စကီကတော့ သူတို့အသင်းဟာ လောလောဆယ် ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ပြောတဲ့ အာတီတာရဲ့ အာဆင်နယ်ထံကနေ အမှတ်ရဖို့အတွက် ယုံကြည်မှု သိပ်မရှိပုံရပါဘူး။
ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ထရီပီဆိုဗ်စကီက "ဟုတ်ပါတယ်။ လောလောဆယ် ကမ္ဘာပေါ်က အသင်းအားလုံးကို ကြည့်ဖို့ အခွင့်အရေး မရနိုင်ပေမယ့် ကျွန်တော့်အမြင်အရတော့ ဒါဟာ လက်ရှိ အကောင်းဆုံး ကစားပုံနဲ့ အကောင်းဆုံး အခြေအနေမှာရှိတဲ့ အသင်းပါ။ အားလုံး ဟန်ချက်ညီနေပါတယ်။
ဘယ်ပွဲမှာပဲဖြစ်ဖြစ် အဲဒီအသင်းကို ကြည့်လိုက်ပါ၊ (အာဆင်နယ်က အက်သလက်တီကို မက်ဒရစ်ကို ၄-၀ နဲ့ နိုင်တဲ့ပွဲကို ကြည့်ပါ) သူတို့ ကစားတဲ့ပုံစံက ရိုးရှင်းပြီး ပြည့်စုံလွန်းပါတယ်။
ကျွန်တော်တို့ ဘယ်လို ကစားနည်း ဒါမှမဟုတ် ဘယ်လို ကဏ္ဍကိုပဲ ပြောပြော ချီးကျူးစကားတွေနဲ့ပဲ ပြောနေရပါလိမ့်မယ်။
အာဆင်နယ်ဟာ တကယ်ကို ပြည့်စုံလွန်းပြီး (အားနည်းချက်) ကို ရှာဖို့တောင် ခက်ခဲပါတယ်။ ဒါ့အပြင် သူတို့မှာ လူစားလဲကစားသမားကောင်းတွေလည်း ရှိပါတယ်။ သူတို့ဟာ လုံးဝကို ကောင်းမွန်ပါတယ်။ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေကြပြီး အဲဒါကို သူတို့မှာ ပြသနေပါတယ်။
ကျွန်တော်တို့ ရင်ဆိုင်ဖူးတဲ့ အသင်းတွေထဲမှာ သူတို့ဟာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောချင်ပါတယ်" လို့ ပြောခဲ့ပါတယ်။