The network connection is lost.

Banner Image

အာဆင်နယ်အသင်း ပေးဂိုးမဲ့နိုင်ပွဲတွေရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ရာယာရဲ့စွမ်းဆောင်ရည်တစ်မျိုးကို အာတီတာဖွင့်ဟလာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဂိုးသမား ဒေးဗစ်ရာယာရဲ့ ဘောလုံးကြိုတင်ခန့်မှန်းနိုင်စွမ်း ကို ချီးကျူးလိုက်ပြီး ဒီစွမ်းရည်က အာဆင်နယ်အသင်းရဲ့ သွင်းဂိုးမပေးရတဲ့ စံချိန်ကောင်းကို ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုးမပေးရတဲ့ စံချိန်ကို ၈ ပွဲဆက် ထိန်းထားနိုင်ခဲ့ပြီး အာတီတာက ရာယာဟာ ဂိုးမပေးရအောင် တားဆီးရာမှာ အရေးပါပြီး လူမသိသူမသိ လုပ်ဆောင်နေတဲ့ အရာတွေ ရှိတယ်လို့ ဆိုပါတယ်။ အာတီတာက"ပထမဆုံးအနေနဲ့ ပြောရရင် သူ့ရဲ့ မူလသဘာဝ၊ နေ့တိုင်း လေ့ကျင့်တဲ့ပုံစံနဲ့ အရာရာကို ကြိုတင်မျှော်မှန်းတဲ့ ပုံစံပါပဲ။

ဘာလို့လဲဆိုတော့ တခါတလေကျရင် ကစားသမားတစ်ယောက်ဟာ ခံစစ်လှုပ်ရှားမှု လုပ်ဖို့ မလိုဘူးဆိုတာက အဲဒီမတိုင်ခင် သူတို့ရဲ့ နေရာယူမှုနဲ့ တစ်ခုခုကို လုပ်ဆောင်ခဲ့လို့ပဲလေ။ ဒါကြောင့် အရမ်းကို ကြည့်ကောင်းတဲ့ အဲဒီ လှုပ်ရှားမှုကြီးကို လုပ်ဖို့ မလိုအပ်တော့ဘူး။
အဲဒါက ရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒေးဗစ်က အဲဒီနေရာမှာ ထူးခြားပါတယ်။

ကျွန်တော့်ထင်တယ်၊ သူ့ရဲ့ တာဝန်က အရင်ထက်စာရင် ပိုပြီးတော့ အခြေကျသွားပြီပေါ့။ ဒါပေမဲ့ ဒေးဗစ်ဟာ ကလပ်အသင်းကို ရောက်လာတဲ့ ပထမဆုံး မိနစ်ကတည်းက စပြီးတော့ အရမ်းကို စိတ်ပိုင်းဖြတ်ထားတဲ့၊ ယုံကြည်မှုရှိတဲ့ လူတစ်ယောက်အဖြစ် အမြဲတမ်း ပြသခဲ့ပါတယ်" လို့ ပြောသွားခဲ့ပါတယ်။