
ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီး
အဲဗာတန် ၀ - ၂ မန်စီးတီး (ပွဲပြီးရလဒ်)
မန်စီးတီးတိုက်စစ်က ပထမပိုင်းမှာ တိုင်ပတ်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တိုးတက်လာခဲ့ကာ လိုအပ်နေတဲ့ နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။
ကိုဗာဆစ်၊ ဒိုကူတို့ဝင်လာချိန် မန်စီးတီးတိုက်စစ် တိုးတက်လာခဲ့ပြီး သွင်းဂိုးနှစ်ဂိုးရယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။
အဲဗာတန်က အာဆင်နယ်ကို သရေ၊ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ကစားခဲ့ပေမယ့် ဒီပွဲမှာတော့ ဂိုးကံခေမှုတွေကြောင့် ရှုံးပွဲပြန်လည်ကြုံတွေ့ခဲ့ရပါတယ်။